တိုက်ပွဲသတင်း

ရှမ်းမြောက်တွင်အာဏာသိမ်းစစ်တပ် ဆီဘောက်ဆာများကို KIA တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နမ့်ပါးချီရွာအနီးတွင် စစ်ကောင်စီတပ်၏ စက်သုံးဆီသယ်ဆောင်လာသော ဘောက်ဆာယာဉ်များကို ပစ်ခတ်ခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန် ဗိုလ်ကြီးနော်ဘူ က KNG ကို ပြောသည်။

မေလ ၁၇ ရက်နှင့် ၁၈ ရက်နေ့ မနက်ပိုင်းအထိ ၇ စီးရှိပြီဖြစ်ကြောင်း သူက ယခုလိုပြောဆိုသည်။

“မနေ့ကလည်း ၆ စီး ပစ်ပြီ။ သတင်းပေးလာတာ ၆ စီးရှိပြီပြောတယ်။ ဒီနေ့မနက်လည်း နောက်ထပ်တစ်စီး ပြန်ပစ်တယ်။ ဒီမနက်နဲ့ဆို ၇ စီးရှိပြီ။ တရုတ်ကနေသယ်လာတဲ့ စက်သုံးဆီတွေကို ကြားဖြတ်ပစ်ပေးတာဖြစ်တယ်။” ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန် ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သော ရက်ပိုင်းကတည်းမှ အဆိုပါနေရာတွင် အာဏာသိမ်း စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သော နေရာဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ ဆီသယ်ယာဉ်ဘောက်ဆာကားများကို KIA က ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button