တိုက်ပွဲသတင်း

ဒေါ့ဖုန်းယန်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်ကို KIA က ကြားဖြတ်တိုက်ခိုက်

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ဘက်သို့ စစ်အင်အား ၂၀၀ ခန့်တိုးချဲ့လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်းကို KIA က ယနေ့ မနက် ၁၀နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်လမ်းမကြီးအတိုင်း နွမ်းလန်ကျေးရွာမှ စစ်ကား ၈စီးဖြင့် တက်လာသည့် စစ်ယဉ်တန်းကိ ဒေါ့ဖုန်းယန်မရောက်မှီ ၂ မိုင်ခန့်အလို လိုင်ဂျော်ကုန်းတွင် KIA တပ်ရင်း ၁၉ က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲက နာရီဝက်လောက်ရှိနေပြီ။ အခုချိန်ထိ လက်နက်ကြီးသံတွေ တစ်ချက်ချက်ကြားနေရသေးတယ်။ နွမ်လန့် ဘက်မှတက်လာကြတဲ့ စစ်သားတွေဟုတ်တယ်။ KIA ကစောင့်ပြီးဝင်တိုက်တာ။ သေဆုံးထိခိုက်တာတွေ ဘာမှမသိရသေးဘူး”ဟု ပြောဆိုသည်။

ဒေါ့ဖုန်းယန်မြိုတွင် အာဏာသိမ်းစစ်တပ်က စစ်အင်အားတို့ချဲ့နေသဖြင့် KIA က ကြားဖြတ်တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်နေပြီး တစ်ပတ်တွင် အနည်းဆုံး ၃ကြိမ်ခန့် ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သော အပတ် ဇွန်လ ၃ရက်နေ့ကလည်း နွမ်လန့်ကျေးရွာမှ တက်လာသည့် စစ်အင်အား ၁၅၀ ခန့်ကို ဒေါ့ဖုန်းယန်မရောက်မှီ အူထန်ယန်ကျေးရွာအနီး KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးသူ ၂၀ကျော်ရှိခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးတွင်ရှိသလို အလောဘွမ်တောင်ခြေအောက်တွင်တည်ရှိနေသောကြောင့် အာဏာသိမ်းစစ်တပ်ဘက်မှ တပ်မ ၈၈ နှင့် ၇၇တို့မှ စစ်အင်အား ၈၀၀ ကျော်ထက်မနည်း တိုးချဲ့ထားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button