Covid-19 Reportingသတင်း

ပလန စစ်ရှောင် အယောက် ၂၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ကူညီထောက်ပံ့မှု လိုအပ်နေ

မြစ်ကြီးနားမြို့ ပလနရပ်ကွက်ရှိ တြီနီတီ စစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်​ပြု လူနာ ၂၀ ဦး တွေ့ရှိခဲ့သည့်အတွက် ၎င်းတို့အတွက် ဆေးဝါးနှင့် အစားအသောက်များ ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

တြီနီတီ စစ်ဘေးရှောင်စခန်းမှ သံသယလူနာ  ၄၂ ဦးကို ယနေ့ နံနက်ပိုင်းက စစ်ဆေးခဲ့ရာ ၂၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီး ဆက်လက်စစ်ဆေးရန်အတွက် ပစ္စည်းကိရိယာများလည်း မရှိတော့ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

“ပိုးတွေ့တော့ အခုကျန်တဲ့သူတွေကိုလည်း စစ်ဆေးဖို့ test kits မရှိတော့ဘူး။ ကလေးတွေကိုလည်း မစစ်နိုင်သေးဘူး။ ပြီးရင် ပိုးတွေ့လူနာတွေအတွက် ခွန်အားဖြစ်အစားအသောက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်။ အခုက ဘာဆေးဝါးမှ ပေးဖို့မရှိဘူး။ စစ်ရှောင်စခန်းမှာက လူများတာကြောင့် တစ်ယောက်ဖြစ်ပြီဆိုတာနဲ့ အားလုံးကစိုးရိမ်ရတော့မယ်။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရတော့ဘူး” ဟု ပြောသည်။

ကိုဗစ်ပို့တွေ့လူနာများကို စစ်ရှောင်စခန်းအတွင်းမှာပဲ သီးသန့်ထားနိုင်ဖို့ရန်အတွက် ပြင်ဆင်နေသည်ဟု သိရသည်။

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း အများတွင်ကိုဗစ်ပိုး ကူးစက်မှု မြင့်တက်လာသောကြောင့် စစ်ရှောင်များ အခက်အခဲများ ကြုံနေရကြောင်း သိရသည်။

Related Articles

Back to top button