,

Breaking News :

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ

ဖားကန့်တွင် ​မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

အင်းတော်နယ် နတ်မဟုတ်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၈ ဦးလည်း ဖမ်းဆီးခံထားရ

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိသဖြင့် ဆယ်ကျော်သက် လူငယ်တစ်ဦးသေဆုံး

ဗန်းမော်ခရိုင် မံစီမြို့နယ် နမ့်မဖွဲအုပ်စု မိတုန်ကျေးရွာ (Myi Tung Mare) တွင် အာဏာသိမ်းစစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိသဖြင့် ဆယ်ကျော်သက် လူငယ်တစ်ဦးက အသက်ဆုံးရှုံးသွားကြောင်း သတင်းရရှိပါသည်။

ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မိတုန်ကျေးရွာမှ ၁၅ မိနစ်ခန့်သွားရသော လယ်တောထဲတွင် နွားကျောင်နေသည့် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သော ပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ညနေပိုင်း ၂နာရီဝန်းကျင်လောက်ဖြစ်သွားတာ ဟုတ်တယ်။ ကလေးက နွားမောင်းမောင်းနေရင်း နေပူလို့ဆိုပြီး နေရိပ်တဲ့နေရာမှာ ထိုင်လိုက်တဲ့အချိန် ပေါက်ကွဲသွားတယ်လို့ပြောခဲ့တယ်။ သူ့ရဲ့ ညာဘက်ခြေထောက် တစ်ဖက်ပြတ်သွားတယ်။ နောက်တင်းပါးတစ်ဖက်လည်းထိသွားတယ်” ဟု ပြောဆိုသည်။

လယ်တောထဲ နွားကျောင်းနေရင်း မိုင်းနင်းမိ ပေါက်ကွဲခံလိုက်ရသည့် လူငယ်ကို ဗန်းမော်ဘက်သို့ပို့ဆောင်ခဲ့ရာ ညနေပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် သေဆုံးသွားကြောင်းသူက ဆက်ဆိုသည်။

“အဲ့လိုဖြစ်တာနဲ့ နာရေးကူညီအသင်းတွေကို ခေါ်ပြီး ဗန်းမော်ပြည်သူ့ဆေးရုံကြီးကို ပြန်ပို့တယ်။ ဆေးရုံကြီးမှာလည်း ဆရာအခက်အခဲတွေဖြစ်လို့ အဲ့မှာကုလို့မရဘူး။ လူနာက အရေးပေါ်ဖြစ်နေတယ်။ နောက် ဗန်းမော် စစ်ဆေရုံးကို ပြန်ပို့တယ်။ ညနေပိုင်းလိုအပ်တဲ့ အောက်စီဂျင်နဲ့ သွေးတွေ ပြန်သွင်းနေရင်း ဆေးရုံမှာဘဲ ဆုံးသွားတယ်” ဟု ဆိုသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာသည် အာဏာသိမ်းစစ်တပ် ခမရ ၃၁၉ နှင့် ခမရ ၆၀၁ တပ်ရင်း ၂ခုကြားတွင် ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်တပ်အနီး မိုင်းနင်းမိသေဆုံးခဲ့သော လူငယ်အမှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ တစ်စုံတစ်ရာ တာဝန်ယူမှု မရှိကြောင်း မိသားစုထံမှ သိရသည်။

ယခင်တုန်းကလည်း ဒေသခံပြည်သူများလုပ်ကိုင်စားသောက်နေသည့် လယ်တောအနီးတဝိုက် မိုင်းထောင်ထားမှုကြောင့် ကျွှဲ၊နွား များ မကြာခဏ သေဆုံးမှုများ ကြုံတွေ့ရကြောင်းသိရသည်။

သေဆုံးသွားသည့်သူ အသက် ၁၆ နှစ်အရွယ်ရှိ မဂျီနော်ဆန့်ခေါ်သူ လူငယ်တစ်ဦးဖြစ်ပြီး မိတုန်ကျေးရွာတွင်နေသည့် ဦးမဂျီဘောက်နော်၏ သားဖြစ်ပါသည်။

Read Previous

စစ်ကောင်စီနှင့် ကိုးကန့်တပ် တိုက်ပွဲကြား ဒေသခံ ၄၀၀ ခန့် နယ်စပ်တွင် ထွက်ပြေးနေရ

Read Next

ဗန်းမော်မြို့နဲ့ရွှေကူမြို့ကို လော့ဒေါင်း ၂ ပတ်ထပ်တိုး ချမှတ်ရန် ကြေညာ