သတင်း

နန်းမား စစ်ကောင်စီအောက် ပြည်သူ့စစ်တပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ

မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ပင်သာရပ်ကွက်အနီးတွင် စစ်ကောင်စီလက်အောက်ရှိသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ယနေ့ ညနေပိုင်းက ပစ်ခတ်ခံရပြီးနောက် သေဆုံးထိခိုက်သူရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၆ ရက် ယနေ့ ညနေပိုင်း ၄ နာရီခွဲဝန်းကျင်ခန့်တွင် ညောင်ပင်သာရပ်ကွက်နှင့် ၁ ဖာလုံခန့် သာရှိသော ပြည်သူ့စစ်နေအိမ်တွင် ဆိုင်ကယ်ဖြင့် လူ ၂ ဦး လာရောက်ပစ်ခတ်ခဲ့ရာ ၃ ဦး သေဆုံးခဲ့သည်ဟု နန်းမား ဒေသခံတစ်ဦး က KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပြည်သူ့စစ်ရှိတဲ့နေအိမ်မှာ PDF က ဆိုင်ကယ်နဲ့ လာပစ်သွားတာ ဟုတ်တယ်။ လာပစ်တဲ့အချိန်မှာ ပြည်သူ့စစ်အဖွဲ့က စားနေသောက်နေကြတယ်လို့ပြောတာဘဲ။ အဲ့လို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပစ်ခတ်ကြတယ်။ ပြည်သူ့စစ်ဘက်ကတော့ ၂ ယောက်ဆုံးသွားတယ်။ PDF ဘက်ကတော့ ၁ ယောက်ဆုံးသွားတယ်” ဟု ပြောဆိုသည်။

ပြည်သူ့စစ်ဘက်က သေဆုံးသွားသူ ၂ ဦးမှာ နန်းမား ပြည်သူ့စစ်ခေါင်းဆောင် ဦးချစ်ကိုနှင့် သူ၏ ရဲဘော် တပ်သား ဦးထွန်းထွန်းတို့ဖြစ်ကြပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာသည် ဦးထွန်းထွန်း၏ နေအိမ်တွင်ဖြစ်သည်ဟု သိရသည်။

လာရောက်ပစ်ခတ်သူ ၂ ဦးအနက် ဆိုင်ကယ်နောက်တွင် စီးသူတစ်ဦးလည်း ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။

Show More

Related Articles

Back to top button