သတင်း

ပြည်သူ့ခုခံတော်လှန်ရေးစစ် စတင်ကြောင်း ယာယီသမ္မတ ကြေညာ

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ နိုင်ငံတော်အားအရေးပေါ်အခြေအနေသတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ မင်းအောင်လှိုင်လက်အောက်တွင် အလုပ်လုပ်နေကြသော တပ်မတော်သားများ၊ ရဲများနှင့် ဝန်ထမ်းများအနေဖြင့် NUG အစိုးရနဲ့ အမြန်ဆုံးပူးပေါင်းရန် ထုတ်ပြန်ထားသည်။

“ပြည်သူ့တော်လှန်ရေးစတင်မည်ဖြစ်သဖြင့် မင်းအောင်လှိုင်၏ လိမ်လှည်လှည့်ဖြားမှုအောက်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ ပြည်သူ့ရဲများ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDFများနှင့် ချက်ချင်းဆက်သွယ်ပူးပေါင်းပါ။ အမျိုးသားညီညွတ်ရေးအစိုးရ  ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထဲရေး ဝန်ကြီးဌာနများသို့ အမြန်ဆုံးသတင်းပို့ကြပါ။ ယနေ့မှစပြီး စစ်ကောင်စီ လက်အောက်ခံဝန်ထမ်များအားလုံး ရုံးတက်ခြင်း မပြုကြရန် သတိပေးတားမြစ်လိုက်သည်။ ယခုအရေးတော်ပုံ အသက်အိုးအိမ်စွန့်လွတ် အနစ်နာခံသူများကို နိုင်ငံတော်၏ သူရဲကောင်းများအဖြစ် အစဉ်အမြဲ အသိအမှတ်ပြုနေမည် ဖြစ်ပါသည်။” ဟု Radio NUG တွင် ယနေ့ နံနက် ၈ နာရီတွင် ထုတ်ပြန်သွားသည်။

ပြည်သူ့အုံကြွမှုကို ကျေးလက်မြို့ပြနဲ့ နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြိုင်တည်းလုပ်ဆောင်ကြရမည်ဖြစ်ပြီး ပြည်သူလူထုအားလုံး၏ စည်းလုံးမှုနှင့် ပူးပေါင်းပါဝင်မှုသည်သာ အရေးတော်ပုံကာလ တိုတောင်းမည်ဟု ပြောဆိုသွားသည်။

Show More

Related Articles

Back to top button