,

Breaking News :

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ

ဖားကန့်တွင် ​မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

အင်းတော်နယ် နတ်မဟုတ်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၈ ဦးလည်း ဖမ်းဆီးခံထားရ

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

မြစ်ကြီးနားတွင် လူငယ် ၇ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီးသွား

မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်ကောင်စီက အင်အားအများအပြားဖြင့် လူငယ် ၇ဦးထက်မနည်းကို ကျောက်စိမ်းအဝိုင်းပတ်ရှေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
ယနေ့ ညနေပိုင်း ၄နာရီခွဲ ဝန်းကျင်ခန့်တွင် အိမ်စီးကားများအပါ စစ်ကားများဖြင့် လူငယ် ၇ ဦးခန့်ကို ခြိမ်းခြောက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ပြည်သူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။
“အားလုံးက အမျိုးသားတွေကြီးဘဲ။ အနည်းဆုံး ၇ယောက် အထက်လောက်ရှိတယ်။ ဒူးထောက်ထားခိုင်းတယ်။ နောက် လက်ကိုလည်း ခေါင်းပေါ်တင်ထားခိုင်းတယ်။ အဲ့လူငယ်တွေက ဆိုင်ကယ်နဲ့ဟုတ်တယ်။ အဝေးကနေဘဲလှမ်းမြင်နေရတယ်။ ဘာကြောင့်ဖမ်းတာက ကျနော်လည်း မသိဘူး။ ဖမ်းသွားတာကိုဘဲ မြင်လိုက်ရတယ်”ဟု ပြောဆိုသည်။
ဖမ်းဆီးသွားသည့် လူငယ်များ မည်သူမည်ဝါများဖြစ်သည်ကို သေချာမသိရကြောင်း သူကဆက်ဆိုထားသည်။

Read Previous

စစ်ကောင်စီ စစ်ကြောင်းများ တရုန်သို့သွားမည့်လမ်းကို KIA ပိတ်ဆို့ထားပြီး စစ်ရေးတင်းမာနေ

Read Next

စစ်ကောင်စီ အင်အား ၂၀၀ ခန့် KIA ဌာနချုပ်နယ်မြေသို့ ယနေ့ နံနက်ထွက်ခွာ