,

Breaking News :

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး

ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ

ပရိသတ်စိတ်ဝင်စားမည့် သတင်းအမှား ခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသော YouTube ချန်နယ်များကို သတိပြုရန်

ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

နောင်မွန်ဒေသ စစ်ကောင်စီ လက်အောက်ခံ စစ်သင်တန်း ဒုတိယအကြိမ် ပြန်လည်စတင်နေ

ပူတာအိုခရိုင် နောင်မွန်ဒေသတွင် KIA ကို တန်ပြန်တိုက်ခိုက်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီ USDP တို့ ဦးဆောင်သော စစ်သင်တန်း ဒုတိယအကြိမ် စတင်ဖွင့်လှစ်နေပြီဟု သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ခေါင်လန်ဖူးဒေသ ဌာနေပြည်သူ့စစ်အဖွဲ့က ဦးဆောင်ပြီး နောင်မွန်မြို့ မှ ၁၀ မိုင်ခန့်ကွာဝေးသော မဂွေဇကျေးရွာအခြေစိုက် ပြည်သူ့စစ်တပ်စခန်းတစ်ခုတွင် လူငယ် ၈၀ ဦးခန့်ဖြင့် စစ်သင်တန်း ပို့ချခံယူနေပြီဖြစ်ကြောင်း နောင်မွန်ဒေသခံ တစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“ဒီတစ်ခေါက် စစ်သင်တန်းမှာ တက်တဲ့ သူတွေက ၈၀ လောက်ရှိတယ်။ အဲ့ထဲမှာ အရင် အသုတ်တွေမှာ သင်ခဲ့ဖူးတဲ့သူတွေလည်း ပါတယ်လို့ကြားတယ်။ သင်တန်းက ၂၁ရက်နေ့က စတယ်။ သင်တန်းတက်တဲ့သူတွေက စစ်အာဏာရှင်စနစ်ကို ထောက်ခံတဲ့ သူတွေနဲ့ ပတ်သက်တဲ့သူတွေပါဘဲ” ဟု ပြောဆိုသည်။

ထိုစစ်သင်တန်းတွင် တက်ရောက်နေသူများမှာ ပြီးခဲ့သော ၂ လခန့်က ပြည်သူ့စစ် မလုပ်မနေရ တစ်အိမ်ဝင်တစ်အိမ်ထွက် လက်နက်ပေးမည်ဟုဆိုကာ စည်းရုံးထားသောသူများဖြစ်သည်ဟု သိရသည်။

နောင်မွန်ဒေသနည်းတူ ပူတာအိုတွင်လည်း စက်တင်ဘာ ၂၀ ရက်နေ့မှစတင်ပြီး ပြည်သူ့စစ် သင်တန်းပို့ချရန် စည်းရုံးခဲ့သော်လည်း လက်ရှိချိန်ထိ တက်ရောက်မည့်သူ မရှိသေးသောကြောင့် သင်တန်း ရက်ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

“ပူတာအိုမှာ သူတို့ ၂၀ ရက်လောက်မှာ လုပ်ဖို့စီစဉ်ထားတယ်လို့ ကြားတယ်။ ပြီးခဲ့လလောက်ကနေ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်စည်းရုံးနေတာကြားတယ်။ ဒါပေမယ့် အခုကလာသင်တဲ့သူ တစ်ယောက်မှ မရှိတဲ့အတွက် သင်တန်းရက် ပြန်ရွှေ့ထားတယ်လို့ ပြန်ကြားရတယ်” ဟု ပြောဆိုခဲ့သည်။

စက်တင်ဘာလ ၁၈ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်ဆောင်က မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၁၉ရက်နေ့တွင် ပူတာအိုဒေသသို့ သွားရောက်ကာ မဂွေဇပြည်သူ့စစ်အဖွဲ့နှင့် ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင်များတို့ဖြင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း အစီစဉ် ပျက်ပယ်ခဲ့သည်။

သို့သော် ပြည်သူ့စစ်အဖွဲ့မှ တာဝန်ခံနှင့် ကြံ့ခိုင်ရေးပါတီမှ တာဝန်ခံ ၂ဦးတို့သည် မြစ်ကြီးနားတွင် လာရောက်တွေ့ဆုံခဲ့သည်ဟု နီးစပ်သူများထံမှ သိရသည်။

နောင်မွန်ဒေသတွင် ပြီးခဲ့သော မေလကစပြီး KIA ကို တိုက်ခိုက်ရန်အတွက် ဌာနေပြည်သူ့စစ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP တို့ပူးပေါင်းကာ ကျေးရွာအလိုက် လိုက်လံစည်းရုံးမှုများရှိခဲ့ပြီး ပထမအကြိမ် စစ်သင်တန်းတွင် လူငယ် ၂၀ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သည်။

ထို မေလအတွင်းပြင် USDP ပါတီဝင်အချို့နှင့် ရဝမ်ယာဉ်ကျေးမှုအဖွဲ့၏ နာယက ဦးထုံဖူးဒဂုဏ်တို့ ဦးဆောင်ပြီး တစ်အိမ်ထောင်တွင် လက်နက်တစ်စုံရရှိရေးအတွက် ပြည်သူ့စစ်အဖွဲ့ထံ လက်နက်တောင်းခံခဲ့သည်။

သို့သော် နောင်မွန်ဒေသတွင် ယနေ့ချိန်ထိ စစ်ကောင်စီ လက်အောက်ခံတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ ပူတာအိုမြို့နယ်တွင်သာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Read Previous

ဖားကန့်‌ Mytel တာဝါတိုင် တစ်တိုင် ထပ်မံ ဖောက်ခွဲ ဖျက်ဆီးခံရ

Read Next

ပန်ဆိုင်း (ကြူကုတ်)တွင် လှည့်လည် ဈေးရောင်းနေသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Leave a Reply

Your email address will not be published.