သတင်း

မန္တလေး – မူဆယ် ခရီးသည်ကား ဓားပြတိုက်ခံရ

မန္တလေးက‌နေ မူဆယ်ကို ခရီးသည် ပို့ဆောင်တဲ့ ခရီးသည်ကားသေး မနေ့က အောက်တိုဘာ ၉ ရက်နေ့ ည ၈ နာရီခန့်က တုန်ခန်နားမှာ သေနတ်တွေ၊ ဓားတွေနဲ့ ဓားပြတိုက်ခံရတယ်လို့ ယာဉ်မောင်းရဲ့ အသိမိတ်ဆွေဆီက သိရပါတယ်။

“အဖွဲ့အစည်းလား ဘာလားတော့ မသိဘူး။” လို့ပြောပါတယ်။

ကား၊ ဖုန်းတွေ၊ ငွေတွေနဲ့ ခရီးသည်တွေရဲ့ အိတ်တွေကိုပါ အကုန်ယူသွားတယ် လို့ ပြောပါတယ်။

ဆိုင်ကယ် ကယ်ရီနဲ့ လိုက်ကြည့်တော့ ပန်ဆိုင်းဘက် မောင်းသွားတယ် လို့ ဆိုပါတယ်။

မြေက်ပိုင်း အဝေးပြေး လမ်းမကြီးဖြစ်တဲ့ တရုတ်-မြန်မာ ကုန်သွယ်ရာပြည်ထောင်စုလမ်းမ ပေါ်မှာလည်း ဓားပြတိုက်တာတွေ မကြာခဏ ဖြစ်ပွားနေပေမယ့် သက်ဆိုင်ရာက ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အပြင် ဖြတ်သန်းသွားလာနေတဲ့ ကားတွေကိုလည်း စစ်ကောင်စီက ခြိမ်းခြောက် ချောဆွဲနေတာတွေ ရှိနေပါတယ်။

စစ်ကောင်စီ အာဏာသိမ်း ပြီးနောက် မူဆယ်မြို့နယ်အတွင်းနဲ့ ပြည်ထောင်စုလမ်းမပေါ် လမ်းခရီး သွားလာမှု မလုံခြုံတော့တဲ့အပြင် ဓားခုတ် လုယက် ဓားပြတိုက်မှုတွေ ပိုများလာတာပါ။

Show More

Related Articles

Back to top button