တိုက်ပွဲသတင်း

မုံးကိုး မှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ် တို့အကြား နေရာအများအပြားမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။

“နေ့ရော ညပါ အဆက်မပြတ် တိုက်ပွဲ ဖြစ်နေတယ်။ ဒီနေ့တော့ ဖောင်းဆိုင်ဘက် တိုက်ပွဲ ပြင်းထန်နေတယ်” လို့ ဖောင်းဆိုင် ဒေသခံ ၁ ဦး က ပြောပါတယ်။

အောက်တိုဘာလ ၉၊ ၁၀၊ ၁၁ ရက်နေ့‌တွေမှာလည်း ကောင်းလုံ အောက် ကောင်းဒပ် အနီးတဝိုက်မှာ နေ့တိုင်းနီးပါး လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေကြတာကြောင့် ဒေသခံတွေ ကောက်ရိတ်သိမ်းချိန် မကြာခဏ ထွက်ပြေးနေရတယ်လို့ ဖောင်းဆိုင်ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က မုံးကိုးမှာ စစ်ကောင်စီတပ်ဖက်က  MNDAA တပ်ဖွဲ့ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မုံးကိုးဘက်ကနေ ပန်ဆေးဖက်ကို စစ်ကြောင်းချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ပန်ဆိုင်း ၊ မုံးကိုး နဲ့ ဖောင်းဆိုင်းဒေသ တို့မှာ စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော် ရှိနေပြီး လက်နက်ကြီးထိမှန် သေဆုံးသူ ၇ ဦး၊ ပြင်းထန် ဒဏ်ရာရသူ ၁ ဦး၊ စစ်ကောင်စီရဲ့ မိုင်းနင်းမိ သေဆုံးသူ ၃ ဦး နဲ့ ပြင်းထန် ဒဏ်ရာရသူ ၁ ဦး ရှိပြီ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button