,

Breaking News :

ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သား ပြည်သူ ၃ ဦး သေဆုံး

မြစ်ကြီးနားအခြေစိုက် သတင်းထောက်အားလုံး လွတ်မြောက်

နောင်မွန်မြို့မှ ဖမ်းဆီးခံရသည့် ဆရာတော် ၃ ဦး ပြန်လည် လွတ်မြောက်လာ

မြစ်ကြီးနား KBZ ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှု ဗီဒီရိုက်ကူးခဲ့သည့် လူငယ် ပြန်လည်လွတ်မြောက်လာ

KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကွယ်လွန်

မချမ်းဘော့ဒေသခံများ၏ စိုက်ပျိုးမြေကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က ရွှေတူးရန် သတ်မှတ်ယူ

ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

တရုတ်နယ်စပ်တိုက်ပွဲအတွင်း ဒေသခံတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာ ရ

မုံးကိုး နဲ့ တီးမ ကျေးရွာဘက် စစ်ကောင်စီ နဲ့ MNDAA ၊ KIA တို့ တိုက်ပွဲဖြစ်

အုပ်ချုပ်ရေးဒိုင်း ဘောလုံးပွဲကြောင့် နောင်မွန်တွင် Covid-19 ပိုးတွေ့ လူနာပိုများလာ

Covid-19 ပိတ်ဆို့မှုများ​ကြောင့် KIO နယ်မြေတွင် ဓါတ်ဆီ နှင့် ဒီဇယ်များ ပြတ်လပ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ဓာတ်ဆီဆိုင်အချို့ ဆီပြတ်လပ်ခြင်းကြောင့် ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဈေးနှုန်းမြင့်တက်နေပြီး အချို့ဆိုင်များ ယာယီပိတ်ထားရကြောင်း သိရသည်။

Covid-19 ရောဂါအခြေအနေအရ တရုတ်နိုင်ငံမှ နယ်စပ်ဂိတ်များကို လုံခြုံရေးတင်းကျပ် လိုက်တာကြောင့် ကုန်သွယ်ရေး အခက်ခဲရှိနေကြောင်း KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“အဓိကကော့ ကိုဗစ်ရောဂါကြောင့် တရုတ်ပြည်ဘက်က ဆီသယ်ယူဖို့ ခက်သွားပြီ။ လွတ်လွတ်လပ်လပ် ကုန်ပစ္စည်းတွေကို ရောင်းချပေးဖို့ သူတို့ ခက်သွားတယ်ပေါ့။ ပိုပြီးတော့ တရုတ်ပြည်ဘက်ခြမ်းကို ကိုဗစ်ရောဂါ မဝင်လာအောင် သူတို့နယ်စပ်မှာ လုံခြုံရေးယူပြီး ကာကွယ်တဲ့အတွက် ကျနော်တို့ ကုန်ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် မသယ်ယူနိုင်တော့တာကြောင့် ဓာတ်ဆီဈေးတွေ တက်သွားရတယ်။” ဟု KNG ကချင်သတင်းဌာနကို ပြောသည်။

လက်ရှိ ဓာတ်ဆီ ၃၀၀ မီလီလီတာ ဗူးသေး ၁ဗူး- ၁ ထောင်ကျပ် ၊ ၅၀၀ မီလီလီတာ ဗူးလတ် ၁ဗူး-၁၈၀၀ကျပ် နှင့် ၁.၅ လီတာ ဗူးကြီး ၁ဗူး ၆၆၀၀ကျပ်ဖြင့် လိုင်ဇာဒေသခံများ ဝယ်ယူအသုံးပြုနေကြရသည်။

နိုင်ငံရေးပဋိပက္ခ ပြင်းထန်လာပါက ရင်းနှီးထားသည်များ ဆုံးရှုံးသွားမည်ကိုလည်း  စိုးရိမ်မိတယ်လို့ လိုင်ဇာ ဓာတ်ဆီလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“လောလောဆယ် ဂိုဒေါင်က လက်ကျန်ဆီလေးတွေကို နဲနဲစီထုတ်ရောင်းပေးနေတယ်။ အဝင်မရှိတော့ဘူး။ ကိုဗစ်ရောဂါကြောင့်လဲ ဟုတ်တယ်။ တရုတ်ဘက်က ဝင်ဖို့ခက်သွားပြီ။ ကျနော်တို့က တရုတ်ဆီပဲ ရောင်းတယ်။ မြစ်ကြီးနားက ဆီ ယူမသုံးဘူး။ ဆီလာမေးတဲ့သူတွေ လာလာနေကြတော့ ဘူးလေးထဲထည့်ပြီး နဲနဲစီရောင်းပေးနေတယ်။” ဟု ၎င်းက KNG ကချင်သတင်းဌာနကို ပြောပါသည်။

ကုန်ဈေးနှုန်းနှင့် ဓာတ်ဆီဈေး မြင့်တက်မှုကြောင့် သွားရေးလာရေး ခက်ခဲနေတယ်လို့ လိုင်ဇာဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

“သွားရေးလာရေးခက်ခဲလာတယ်။ ကိုယ်လုပ်ရမဲ့ အလုပ်တွေကို အချိန်မီ မလုပ်နိုင်တော့ဘူး။ ကျမတို့က တစ်လမှ ဝင်ငွေက နဲနဲလေး ဓာတ်ဆီက ၁ ဗူး ၅ထောင် မကတော့ဘူး။ ဓာတ်ဆီသာမကဘူး ကုန်ဈေးနှုန်းကလဲ တက်တော့ မကိုက်တော့ဘူး။ ဖြစ်နိုင်ရင် ဈေးတွေကို ကျစေချင်တယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့တဲ့ ဇွန်လမှစ၍ တရုတ်ပြည်ဘက်မှ ဓာတ်ဆီအဝင် မရှိတော့သဖြင့် စျေးနှုန်း ပိုမြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။

Read Previous

မုံးကိုး မှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

Read Next

ပန်ဆိုင်းမြို့ မြန်မာနယ်နမိတ်အတွင်း ၁၀ ပေကျော်အထိ တရုတ်ဘက် စည်းကျော် လမ်းဖောက်နေ

Leave a Reply

Your email address will not be published. Required fields are marked *