သတင်း

တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်သော်လည်း လူထိခိုက်မှု မရှိ

ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်နှင့် ကျွန်းလှမြိုနယ်တို့တွင် စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများမှ သိရသည်။
“ပစ်သွားတာတော့ ကျွန်းလှဘက်မှာအချက်ပေါင်း ၃၀နီးပါးလောက်ပစ်တာတဲ့ ဒါပေမယ့် ရွာထဲဘက်မဟုတ်ဘူး လယ်ကွင်းနဲ့တောဘက်တွေကို ပစ်တာ အခုချိန်ထိ ထိခိုက်မူ မရှိသေးဘူးကြားပါတယ်”လို့ နီးစပ်သူတစ်ဦးကပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်နှစ်စီးသည်လည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းဘက်သို့ လက်ရှိချိန်ထိ ပျံသန်းလျက်ရှိနေကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီဘက်မှ ‌စစ်ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခြင်းသည် စစ်ကောင်စီဘက်မှ အောက်တိုဘာလ ၂၇ရက်နေ့ တိုက်ပွဲတွင် ထိခိုက်မူများသွားသည့်အတွက် လာရောက်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။
“မနေ့က ကောလင်းဘက် သူတို့ဘက်က တော်တော်ထိခိုက်ပုံရတယ် ဒီနေ့ရဟတ်ယဉ်နဲ့လာပစ်တဲ့ထိဆိုတော့ ကျနော်တို့ အဲလိုသုံးသပ်မိတယ်။ အရင်က လာတော့လာတယ် ခုလိုမျိုးပစ်တာ မရှိဖူးဘူး” ဟု ကျွန်းလှမြို့နယ်ဘက်မှ ဒေသခံတစ်ဦးကပြောသည်။
ထို့ပြင် အဆိုပါ ရဟတ်ယာဉ်များသည် ကျွန်းလှ သဖန်းးဆိပ်ဆည် အနောက်ဖက်ရှိ ကျွဲတဲရွာအပြင်ဘက်ရှိ ကွင်းပြင်နေရာတွေမှာ ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်အင်အားလာချပေးသွားကြောင်းလည်း သိရသည်။
အောက်တိုဘာလ ၂၇ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း ကျောက်ပြင်သာနဲ့ ကချင်ကုန်းရွာကြားရှိ စစ်ကောင်စီရဲ့ နေရာ ၂ ခုအား PDF မှ လက်နက်ကြီးများနှင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၄၀)ဦးခန့် သေဆုံးနိုင်ကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။
Show More

Related Articles

Back to top button