Covid-19 Reportingသတင်း

အောက်တိုဘာလအတွင်း ကချင်ပြည်နယ်အနှံ Covid-19 ကူးစက်မှုနှင့် သေဆုံးမှုများ

ကချင်ပြည်နယ် မြို့နယ် ၁၈ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာနှင့် သေဆုံးသူဦးရေမှာ ပြီးခဲ့သည့် စက်တင်ဘာလထက် အောက်တိုဘာလတွင် သိသိသာသာ လျော့နည်းနေကြောင်း စစ်ကောင်စီအောက် ကျန်းမာရေးဌာန၏ စာရင်းများစုစည်းချက်အရ သိရသည်။

စက်တင်ဘာလတွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ ဦးရေ စုစုပေါင်း ၅၆၉၈ ဦးနှင့် သေဆုံးသူ ၈၈ ဦး ထိရှိပြီး အောက်တိုဘာလတွင် ပိုးကူးစက်သူ ၃၁၂၆ ဦးနှင့် သေဆုံးသူ ၄၃ ဦး ရှိသည်ဟု သိရသည်။

သို့သော် အဆိုပါစာရင်းများမှာ ကျန်းမာရေးဌာန၏စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေကြား မြို့နယ် ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းများ၏ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူနှင့် သေဆုံးသူ စာရင်းများကို အစုံအလင် ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အောက်တိုဘာလအတွင်း မြစ်ကြီးနားခရိုင်ရှိ မြစ်ကြီးနားမြို့နယ်တွင် ပိုးကူးစက်ခံရသူ ၄၉၈ ဦးနှင့် သေဆုံး ၉ ဦး ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ ၂၀၈ ဦးနှင့် သေဆုံး ၆ ဦး ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ ၉၁ ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် ၇၂ ဦးနှင့် သေဆုံးမရှိ ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ ၁ ဦးနှင့် သေဆုံးမှုမရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၈၇၀ ဦး နှင့် သေဆုံးသူ စုစုပေါင်း ၁၅ ဦး ရှိခဲ့သည်။

ဗန်မော်ခရိုင်ရှိ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ ဗန်မော်မြို့နယ်တွင် ၃၇၃ ဦးနှင့် သေဆုံး ၉ ဦး ၊ မိုးမောက်မြို့နယ်တွင် ၁၈၉ ဦးနှင့် သေဆုံး ၁ ဦး ၊ မံစီမြို့နယ်တွင် ၁၅၄ ဦးနှင့် သေဆုံး ၂ ဦး ၊ ရွှေကူမြို့နယ်တွင် ၁၀၇ ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ပိုးတွေ့လူနာ ၈၂၃ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦး ရှိသည်။

မိုးညှင်းခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ မိုးညှင်းမြို့နယ်တွင် ၄၅၂ ဦးနှင့် သေဆုံး ၇ ဦး ၊ မိုးကောင်းမြို့နယ်တွင် ၆၄၃ ဦးနှင့် သေဆုံး ၉ ဦး ၊ ဖားကန့်မြိုနယ်တွင် ၆၆ ဦးနှင့် သေဆုံးမရှိ ပိုးတွေ့လူနာ စုစုပေါင်း ၁၁၆၁ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၆ ဦး ရှိသည်။

ပူတာအိုခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ပူတာအိုမြို့နယ်တွင် ၁၈၂ ဦးနှင့် သေဆုံးမရှိ ၊ မချမ်းဘောမြို့နယ်တွင် ၄ ဦးနှင့် သေဆုံးမရှိ ၊ နောင်မွန်းမြို့နယ်တွင် ၆၄ ဦးနှင့် သေဆုံးမရှိ ၊ ခေါင်လန်ဖူးမြို့နယ်တွင် ၂ ဦးနှင့် သေဆုံးသူမရှိ ၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀ ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၂၇၂ ဦး ရှိသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်များမှာ မြစ်ကြီးနားမြို့နယ် ၊ ဝိုင်းမော်မြို့နယ် ၊ ဗန်းမော်မြို့နယ် ၊ ရွှေကူမြို့နယ် ၊ ဖားကန့်မြို့နယ် ၊ မိုးကောင်းမြို့နယ် နှင့် မိုးညှင်းမြို့နယ် စုစုပေါင်း (၇) မြို့နယ် ရှိသည်။

Show More

Related Articles

Back to top button