,

Breaking News :

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် ကောလင်းဒေသခံ ၃ ဦး လက်ပြန်ကြိုးတုတ်ကာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

စစ်ကိုင်းတိုင်း၊ ကောလင်းအနောက်ဘက် ရှမ်းကလုံး‌‌ရွာအနီး နိုဝင်ဘာလ ၇ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသော အရပ်သား ၃ဦးမှာ လက်ပြန်ကြိုးတုတ်ထားကာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အလောင်း ယနေ့ ပြန်လည်တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဦးစက်အောင်ရဲ့ လယ်တောတဲအောက်မှာ သူ့အမျိုးသမီးသွားတွေ့တာတဲ့။ လက်တွေကိုလည်း နောက်ပြန်ချည်ထားတယ်။ သေနတ်ဒဏ်ရာတွေ နဲ့ အဲမှာ ၉ တန်း တက်မယ့် ကလေးက ဦးစက်အောင်သားလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံထားရသည့် အရပ်သား ၃ ဦးသည် ဦးစက်အောင် အသက် ၃၅ နှစ် (ခန့်မှန်း)၊ မောင်ဖိုးချစ် ၉ တန်း ကျောင်းသား၊ ဦးမြင့်ငွေ ၄၅ နှစ်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးနေသည့် ရုပ်အလောင်းများကို ဦးစက်အောင်ဇနီးဖြစ်သူက ‌ယနေ့ နေ့လည်ခန့်က ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောသည်။

ရှမ်းကလုံးရွာသည် ကောလင်းနယ်၏ အနောက်ချမ်း ၁၅ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေပေါင်း ၄၀၀နီးပါးခန့်ရှိသည့် ကျေးရွာဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလမှစကာ အင်တာနက်ဖုန်းလိုင်းများ ဖြတ်တောက်ခံရခဲ့ရသည့် ပြည်နယ်၊ တိုင်းများအနက် စစ်ကိုင်းတိုင်းသည် အဆိုးရွားဆုံးဖြစ်သည်။

အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသောကြောင့် စစ်ကိုင်းဒေသကြီးအတွင်း စစ်တပ်၏ ထိုးစစ်ဆင်မှုများကို အသေးစိတ်သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

Read Previous

ကသာမြို့နယ် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ဖောက်ထွင်းခံနေရ

Read Next

မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောနှစ်စီး ပစ်ခံရ

Leave a Reply

Your email address will not be published. Required fields are marked *