တိုက်ပွဲသတင်း

မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောနှစ်စီး ပစ်ခံရ

မန္တလေးမှ ဆန်တက်လာသည့် စစ်ကောင်စီ၏ သင်္ဘော ၂ စီး ယနေ့ညနေ ၆ နာရီဝန်းကျင်ခန့်ကကချင်ပြည်နယ်၊ ရွှေကူမြို့အဝင်တွင် KIA တပ်ဖွဲ့မှ စောင့်ကြိုပစ်ခတ်ခဲ့ကာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရွှေကူ ဒေသခံများမှ သိရသည်။
“ဘိုကုန်းကနေ စပစ်တာ သင်္ဘောဆိပ်ရောက်ခါနီးထိ ခါတိုင်းဆိုရင် မြို့အဝင်လောက်အထိဘဲ ပစ်တာ ဒီညတော့ သင်္ဘောဆိပ်ကပ်တဲ့အထိ အပြန်အလှန်ပစ်ခဲ့ကြတယ် ထိခိုက်မူ အခြေနေတော့ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ သင်္ဘော ၂စီးအနက် တစ်စီးသည် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု ခန့်မှန်းနိုင်ပြီး ကျန်တစ်စီးသည် ရိက္ခာအပြည့် တင်ဆောင်လာသည့် သင်္ဘောဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။
စစ်ကောင်စီတပ်သည် သင်္ဘောတက်လာသည့် မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးချထားသည့်အတွက် ကျောက်ကြီးအဝင်လုံခြုံရေး ယူပေးနေသည့် တပ်ဖွဲ့နှင့်လည်း တစ်ဆက်တည်း တိုက်ပွားခဲ့ကြောင်း သိရသည်။
” ကျောက်ကြီးမှာ စစ်သားတွေရှိတော့ သူတို့နဲ့ပါ တိုက်ပွဲငယ်ဖြစ်တယ် သင်္ဘောအဖွဲ့က တစ်လျှောက်လုံးရမ်းပစ်လာကြတာ ခုတော့ ရွှေကူသင်္ဘောကပ်သွားကြပြီ ထိခိုက်တာတော့ရှိနိုင်တယ် ဒီဘက်ကလည်း သင်္ဘောဆိပ်ကမ်းကပ်တဲ့ထိပါ လိုက်ပစ်တာဆိုတော့ “လို့ နီးစပ်သူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်၏ သင်္ဘောသည် ရွှေကူမြို့အဝင်နား မကြာခနဆိုသလို ပစ်ခံနေရလေ့ရှိသည်။
Show More

Related Articles

Back to top button