လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကွတ်ခိုင်မြို့နယ်မှာ ကောက်သစ်စားပွဲအတွက် ပြင်ဆင်သော ပြည်သူ ၁ ဦး ပစ်သတ်ခံရ

ကွတ်ခိုင်မြို့နယ် ကောင်းလင်ရွာတွင် ကောက်သစ်စားပွဲအတွက် ပြင်ဆင်နေသော အရပ်သားပြည်သူ ၁ ဦး ပစ်သတ်ခံရပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်က ကောင်းလင်ရွာမှ လူငယ် ၃ ဦးသည် ကျေးဇူးတော်ချီးမွမ်းပွဲ အတွက် နမ့်ကွတ်ရွာမှာ စပါးကြိတ်ပြီး ကောင်းလင်ရွာသို့ ဆိုင်ကယ်နဲ့ သယ်ဆောင်လာချိန် ကောင်းလင်ရွာ မရောက်ခင် ရှုခင်းသာ တာဝါတိုင်အနီးမှာ ပစ်ခတ်ခံရတယ်လို့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“မနက်ဖြန် ကျေးဇူးတော် ချီမွမ်းပွဲ လုပ်ဖို့ ခုကကြည့် အလောင်း ကောက်နေရပြီ။ စိတ်မကောင်းဘူး။ တကယ့်ပြည်တွေ အတွက် လုံခြုံ မှု ကိုမရှိတော့ဘူး” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ပစ်သတ်ခံရသူမှာ အသက် ၂၀ ဝန်းကျင်အရွယ် ဦးကွမ်း‌အောင်ဖြစ်ပြီး ဦးခေါင်း၊ ကျော ကျည်ဖောက်ထွင်း ဒဏ်ရာနဲ သေဆုံးသွားပြီး အသက် ၁၆ နှစ် အရွယ် ဘန်ခွမ်နန် မှာ ခြေထောက်ရှပ်ထိ ဒဏ်ရာ ရရှိပြီး ၁ ဦးကတော့ ထိခိုက်မှု မရှိဘူး လို့ သိရပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူကိုတော့ ကွတ်ခိုင်ဆေးရုံမှာ လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ထားကြောင်း သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားရာနယ်မြေတစ်ဝိုက်မှာ စစ်ကောင်စီ ခမရ ၃၃၆ လှုပ်ရှားသော နေရာ ဖြစ်တယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီ ခမရ ၃၃၆ က စစ်သား၁ ဦးက ကွတ်ခိုင်မြို့နယ် ဖာခေတ်ရွာက အသက် ၆၂ နှစ် အရွယ် အမျိုးသမီး ကြီးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီ အင်အားအပြည့်ဖြည့်ထားသော ရှမ်းမြောက်နေရာအနှံတွင် ဒေသခံများအနေဖြင့် သတ်ဖြတ်မှုများ ပုံမှန် ကြုံတွေ့နေရသဖြင့် နေ့စဉ် လူမှုဘဝတွင် လုံခြုံမှု လုံးဝမရှိကြောင်း ဒေသခံများ ပြောဆိုနေကြပါတယ်။

Bum Shep

Show More

Related Articles

Back to top button