,

Breaking News :

ကုန်းလောတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ

ကနီနယ်တွင် NUG အစိုးရ လမ်းညွန်မှုဖြင့် မီးသတ်သင်တန်းများပို့ချ

စစ်ကိုင်းတိုင်း ရေဦးမြို့တွင် စစ်ကောင်စီတပ် အရာရှိတစ်ဦးနှင့် စစ်သား ၂ဦးသေဆုံး

ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မော်တော်ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ပြီဟုသိရ

ဖားကန့် လမ်းမပေါ်တွင် စစ်ကောင်စီတပ်သား ၆ ဦးကို KIA ဖမ်းဆီး

စစစ ရုံး‌ရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ဖားကန့် မှော်စီစာ အထက်တန်းကျောင်းဝင်းတွင် မိုင်ပေါက်ကွဲမှုဖြစ်ပွား၊ ၆ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ဖားကန့်အဝင်ဆိုင်းဘုတ်

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ အထက်တန်းကျောင်း(ခွဲ) စာသင်ကျောင်းအဝင်ပေါက်တွင် ယနေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ၆ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၆ရက် ယနေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် ဆရာ/မများ၊ ကျောင်းသား/သူ များနှင့် မိဘများပါလာသည့် ကျောင်းပိုင်ကားတစ်စီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မှော်စီစာ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပေါက်ကွဲမှုဖြစ်သွားတာက မနက်ပိုင်းကျောင်းစတက်ချိန်မှာ ဖြစ်သွားတယ်။ ကျောင်းပိုင် လိုက်ထရိုက်ကားက အဝင်ပေါက်မှာ ရောက်တာနဲ့ ကားရဲ့ရှေ့ဘီးက မိုင်းနင်မိပြီး ပေါက်ကွဲသွားတယ်။ အဲ့တော့ ကားပေါ်မှာ ပါလာတဲ့ သူတွေက ထိခိုက်မှုရှိသွားတယ်”ဟုပြောဆိုသည်။

ကျောင်းဝင်းအတွင်း မိုင်းပေါက်ကွဲမှုတွင် ကားပေါ်တွင်ပါလာသည့် ဆရာတစ်ဦး၊ ဆရာမ ၂ဦးနှင့် ကျောင်းသူတစ်ဦး စုစုပေါင်း ၄ဦးတို့မှာ ထိခိုက်ဒဏ်ရာ အနည်ငယ်သာ ရရှိခဲ့ပြီး ကျောင်းသား မိဘတစ်ဦးမှာ ခြေထောက်တစ်ဖက်ပေါ်တွင် မိုင်းစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သူကဆက်ဆိုထားသည်။

ထို့ပြင် ထိုပေါက်ကွဲမှုဖြစ်စဥ်အတွင်း ကျောင်အပြင်ဘက်မှ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိထားကြောင်း ဆက်သိရသည်။

ယနေ့နံနက် ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုကို မည်သည့် အဖွဲ့အစည်းမှ လာရောက်လုပ်ဆောင်သွားသည်ကို မသိရသေးပါ။

မှော်စီစာအထက်တန်းကျောင်း(ခွဲ)သည် ယခုလဆန်းပိုင်းက စစ်ကောင်စီပြန်ဖွင့်ခဲ့သော ကျောင်းဖြစ်ပြီး ကျောင်းသား ၁၀၀ ကျော်ခန့်က စာသင်ကြားနေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

လက်ရှိ ဖားကန့်မြို့နယ်တွင် ရှိသော အထက်တန်း ကျောင်းနှင့် အလယ်တန်း ၈ခုခန့်ကို စစ်ကောင်စီက ဖွင့်လှစ်ထားပြီး အဆိုပါ ကျောင်း (၈) ကျောင်းတွင် ခန့်မှန်းခြေ ကျောင်းသားဦးရေ ၇၀၀နှင့် ၈၀၀ ကြားတွင် တက်ရောက်နေကြကြောင်း သိရသည်။

Read Previous

ကွတ်ခိုင်မြို့နယ်မှာ ကောက်သစ်စားပွဲအတွက် ပြင်ဆင်သော ပြည်သူ ၁ ဦး ပစ်သတ်ခံရ

Read Next

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

Leave a Reply

Your email address will not be published.