,

Breaking News :

ကုန်းလောတွင် စစ်တပ်သတင်းပေးဟု ယူဆရသူတစ်ဦး ပစ်သတ်ခံရ

ကနီနယ်တွင် NUG အစိုးရ လမ်းညွန်မှုဖြင့် မီးသတ်သင်တန်းများပို့ချ

စစ်ကိုင်းတိုင်း ရေဦးမြို့တွင် စစ်ကောင်စီတပ် အရာရှိတစ်ဦးနှင့် စစ်သား ၂ဦးသေဆုံး

ဗန်းမော်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် မော်တော်ယာဉ်များပုံမှန်အတိုင်းသွားလာနိုင်ပြီဟုသိရ

ဖားကန့် လမ်းမပေါ်တွင် စစ်ကောင်စီတပ်သား ၆ ဦးကို KIA ဖမ်းဆီး

စစစ ရုံး‌ရှေ့ ဝင်ရောက်လာသည့် စစ်ကားတစ်စီး မိုင်းခွဲခံရ

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မိုးမောက်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက လူနေရပ်ကွက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ကြေးနန်းရပ်ကွက်ရှိ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းဝန်းတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၃နာရီခွဲဝန်းကျင်ခန့်တွင် ခမရ ၄၃၇ တပ်ရင်းမှ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်က ကြေးနန်းရပ်ကွက်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းဝင်းနှင့် ဧဒင်စစ်ရှောင်စခန်းတွင် လက်နက်ကြီးထိမှန်ထားသည်ဟု မိုးမောက်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုထားသည်။

“စစ်သားတွေက သူတို့ရဲ့စခန်းကနေ ကြေးနန်းရပ်ကွက်ဘက်ကို တက်လာတဲ့အချိန် ဘုရားကျောင်းဝင်းအနီးမှာ မိုင်းတစ်ခါဖောက်ခွဲတယ်။ ပြီးတာနဲ့ အနီးတဝိုက် အကုန် လက်နက်ကြီးတွေပစ်ခတ်တယ်။ ဘုရားကျောင်းဝင်းအတွင်းမှာလည်း လက်နက်ကြီးကျတယ်။ နောက် စစ်ရှောင်စခန်းလည်း ထိသွားတယ်”ဟုပြောဆိုသည်။

စစ်ကောင်တပ်ဖွဲ့က လက်နက်ကြီးများ ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်သာမက ဒေသခံပြည်သူများ ၃၀ ဝန်းကျင်ခန့်ကို လူသားဒိုင်းအဖြစ်အသုံးပြုကာ မြို့ပတ် စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု သူကဆက်ဆိုထားသည်။

“စျေးနားအနီးတဝိုက်သွားလာနေတဲ့ ပြည်သူတွေကို သူတို့သွားတဲ့ဘက်ကို အတူတူခေါ်သွားတယ်လို့ သိရတယ်။ ဘယ်ကို ခေါ်သွားတယ်ဆိုတာက သေချာမသိဘူး။ ဒါပေမယ့် သိရသလောက်က မြို့တွင်းမှာဘဲတဲ့။ ဆေးရုံကြီးနဲ့ အ.ထ.က ကျောင်းအနီးတဝိုက်တွေမှာ အကုန်ပတ်ခေါ်တယ်လို့ဘဲကြားတယ်။ ပြီးရင် သူတို့ရဲ့စခန်းဘက်ကို ပြန်ဆင်းသွားကြတယ်”ဟုပြောဆိုသည်။

အဆိုပါ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားသည့် ဒေသခံပြည်သူများ ၃၀ ကျော်ခန့်ကို ညနေပိုင်း ၅နာရီဝန်းကျင်တွင် ပြန်လွတ်ပေးလိုက်ကြောင်းလည်း သိရသည်။

စစ်ကောင်စီ၏ လက်ချက်ကြောင့် စစ်ရှောင်စခန်းအတွင်းရှိ စစ်ရှောင်ပြည်သူများ ဝတ်ပြုဆောင်လည်း ကျည်ထိမှန်ထားပြီး စစ်ရှောင်ပြည်သူများ အသုံးပြုနေသည့် အိမ်စီးကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားကြောင်းသိရသည်။

ယမန်နေ့က စစ်ကောင်အဖွဲ့အနေဖြင့် လူနေရပ်ကွက်အတွင်း လက်နက်ကြီးများ လာရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့သောကြောင့် ယနေ့တွင် မိုးမောက်ဒေသခံများအနေဖြင့် သတိထားပြီး သွားလာနေရသည်ဟု သိရသည်။

Read Previous

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

Read Next

ဥယျာဉ်ထဲက ပန်းပွင့်များ

Leave a Reply

Your email address will not be published.