ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ
ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာ၏ တောတစ်နေရာတွင် အသက် ၃၀ ကျော်ဝန်းရှိ အမျိုးသားတစ်ဦး သေဆုံးနေကြောင်းသိရပါသည်။
သေဆုံးနေသည့် အမျိုးသားကို ယနေ့နံနက်ပိုင်းက ပူတာအို လူမှုကူညီရေးအဖွဲ့က သွားရောက် သဂြိုလ်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
“သေဆုံးတာက မူးယစ်ဆေးနဲ့လား၊ ကိုဗစ်နဲ့လား သေချာမသိရသေးဘူး။ ဒေသခံတွေပြောတာက မူးယစ်ဆေးနဲ့လို့ ပြောနေကြတယ်။ အကြောင်းကြာလာလို့ သွားရောက်ကူညီပေးခဲ့တယ်”ဟုပြောဆိုသည်။
ဆန်ဂေါင်ကျေးရွာမှာ ပူတာအိုမြို့မှ ၁၀ မိုင်ခန့်ဝေးသည့် နေရာတွင်တည်ရှိပြီး ပူတာအိုဒေသတွင် ကိုဗစ်ကူစက်ပျံ့နှံ့မှုများရှိနေသလို ဒေသအတွင်း မူယစ်ဆေးဝါးသုံးစွဲသူများလည်း အလွန်များပြားနေကြောင်း ဒေသခံများ ပြောဆိုချက်မှသိရသည်။