Year: 2021
-
Oct- 2021 -22 Octoberသတင်း
မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက် ဖြစ်ပွား
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး မြို့နယ်ခွဲမှာ ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။…
Read More » -
22 Octoberသတင်း
ကန်ရင်းကျေးရွာနှင့် PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အင်အား ၂၀၀ခန့်ဖြင့် စီးနင်း
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် တောင်လက် ကန်ရင်းကျေးရွာအနီး စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းကာ ဒေသခံပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။ အလားတူ အရာတော်မြို့နယ်ထဲရှိ Local PDF စခန်းနှစ်ခုလည်း စီးနင်းခံရကြောင်း…
Read More » -
21 Octoberသတင်း
မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား
ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တာဝန်ကျသည့် ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်းယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့တစ်ဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်ညနေပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။ “မနေ့ညနေ ၆နာရီလောက်မှာထင်တယ် သူတို့နေတဲ့အိမ်ကနေ သေနတ်ထောက်ပြီး လာဖမ်းသွားတာ သူ့ယောက်ဖလည်း ပါသွားတယ်”…
Read More » -
21 Octoberသတင်း
သတင်းပေးမူကြောင့် အရာတော် သစ်ကျင်းကြီးကျေးရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာတွင် အောက်တိုဘာ ၂၀ ရက်ညက NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်းနေအိမ်အပါအဝင် နေအိမ် ၅လုံးကို စစ်ကောင်စီက မီးရှို့ပြီး ရွာသားတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ “သတင်းပေးတဲ့သူရှိလို့ စစ်တပ်က မနေ့ည…
Read More » -
21 Octoberသတင်း
မြောက်ဖျားပိုင်း နောင်မွန်မြို့တွင် Covid-19 ပိုးကူးစက်မှု အလွန်များလာ
ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် နောင်မွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု နှုန်းမြင့်တက်နေပြီး ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့အထိ ကူးစက်ခံရသူ ၇၀ ဦးဝန်းကျင်ခန့်အထိ ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် ၁၀ ရက်ကျော်ကစတင်ပြီး နောင်မွန်မြို့ပေါ်ရပ်ကွက်များတွင်…
Read More » -
20 Octoberသတင်း
သတ်မှတ်ချိန်အတွင်း ဖြတ်မောင်းလာသည့် ဆီဘောက်ဆာကား မိုင်းဆွဲခံရ
ထီးချိုင့်မြို့နယ်အတွင်း ည ၈ နာရီမှ နံနက် ၅နာရီထိ မည်သည့်ကားမှ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံ PDF အဖွဲ့ သတိပေးထားသော်လည်း ယနေ့ နံနက် ၄နာရီဝန်းကျင် ဆီဘောက်ဆာ ကားတစ်စီး ဖြတ်မောင်းလာသည့်အတွက် မိုင်းဆွဲခံလိုက်ရကြောင်း ဒေသခံများထံမှ…
Read More » -
19 Octoberသတင်း
ပန်ဆိုင်း ရဲစခန်းကို ကိုးကန့်တပ် တိုက်ခိုက်ပြီးနောက် မုံးကိုးဘက်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်း (ကြူကုတ်) ရဲစခန်းကို ယနေ့ နေ့လယ်ပိုင်းက ကိုးကန့် MNDAA တပ် ထိုးစစ်ဆင်ခဲ့ပြီးနောက် မုံးကိုးဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ နေ့လည် ၁၂…
Read More » -
19 Octoberသတင်း
ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သား ပြည်သူ ၃ ဦး သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ်ခွဲမှာ အောက်တိုဘာ ၁၇ ရက်နေ့ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲမှာ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ပန်ဆိုင်းမြို့ ရပ်ကွက် ၅ က…
Read More » -
19 Octoberသတင်း
မြစ်ကြီးနားအခြေစိုက် သတင်းထောက်အားလုံး လွတ်မြောက်
စစ်ကောင်စီမှ တရားစွဲဆိုကာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော ကချင်ပြည်နယ် အခြေစိုက် သတင်းထောက်များ အားလုံး ယနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသော သတင်းထောက်များမှာ The 74 Media မှ မချန်းဘူ၊ Kachin Wave မှ ကိုလရော်၊…
Read More » -
19 Octoberသတင်း
နောင်မွန်မြို့မှ ဖမ်းဆီးခံရသည့် ဆရာတော် ၃ ဦး ပြန်လည် လွတ်မြောက်လာ
ပူတာအိုခရိုင် နောင်မွန်မြို့မှ အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသော ကချင်ခရစ်ယာန်ဓမ္မဆရာတော် ၃ ပါး အောက်တိုဘာ ၁၈ ရက် ညနေ ၅နာရီဝန်းကျင်က အကျဉ်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ လွတ်မြောက်လာသည့် ဓမ္မဆရာတော် ၃ဦးမှာ ပြီးခဲ့သော…
Read More »









