မြစ်ကြီးနားအခြေစိုက် သတင်းထောက်အားလုံး လွတ်မြောက်

စစ်ကောင်စီမှ တရားစွဲဆိုကာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော ကချင်ပြည်နယ် အခြေစိုက် သတင်းထောက်များ အားလုံး ယနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသော သတင်းထောက်များမှာ The 74 Media မှ မချန်းဘူ၊ Kachin Wave မှ ကိုလရော်၊ မြစ်ကြီးနားဂျာနယ်မှ အဂျေ၊ ခရစ္စတိုဖာ၊ မျိုးမြတ်မြတ်ပန် စသော တို့ ဖြစ်သည်။

Kachin Wave မှ ကိုလရော်

မြစ်ကြီးနားသတင်းဂျာနယ်မှ အဂျေ နှင့် ခရစ္စတိုဖာ တို့မှာ ဧပြီလ ၁၃ ရက်နေ့ ဖမ်းဆီးခံရခြင်းဖြစ်ကာ မျိုးမြတ်မြတ်မှာ ဧပြီ ၁၄ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထို့အပြင် The 74 Media မှ မ ချန်းဘူ နှင့် Kachin Wave မှ ကို လရော်တို့မှာ မတ်လ ၂၉ ရက်နေ့ ဆန္ဒပြပွဲတွင် သတင်းယူရင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

The 74 Media မှ မချန်းဘူ

၎င်းတို့ ၅ ဦးမှာ ၆ လကျော် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ယနေ့ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

သတင်းထောက်များအပြင် တက်ကြွလှုပ်ရှားသူများဖြစ်ကြသော မဆိုင်းနူးပန်နှင့် ဦးလွမ်းဇောင်း၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသးသမ္မဂ မှ မောင်မျိုးထက်နိုင်လင်း ၊ လီဆူအနုပညာရှင် ယောတီဖာ နှင့် မဘောက်ဂျာအပြင် အခြားသူများလည်း လွတ်မြောက်ခဲ့သည်။

အလားတူ ပူတာ၊ ဗန်းမော်နှင့် အခြားမြို့နယ်များမှ မတရားဖမ်းဆီးခံရသူအချို့လည်း လွတ်မြောက်လာသည်ဟု သိရသည်။

Show More
Back to top button