တိုက်ပွဲသတင်း

ပန်ဆိုင်း ရဲစခန်းကို ကိုးကန့်တပ် တိုက်ခိုက်ပြီးနောက် မုံးကိုးဘက်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်း (ကြူကုတ်) ရဲစခန်းကို ယနေ့ နေ့လယ်ပိုင်းက ကိုးကန့် MNDAA တပ် ထိုးစစ်ဆင်ခဲ့ပြီးနောက် မုံးကိုးဘက်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နေ့လည် ၁၂ နာရီခွဲခန့်ကစတင်က ပန်ဆိုင်းမြို့ ရပ်ကွက် ၅ တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း “ကျွန်မတို့ ရပ်ကွက် ၅ ဘက်မှာ ပစ်နေပြီ။ လက်နက်သေးတွေ ပစ်နေတယ်။ လက်နက်ကြီး လည်း ပစ်သံကြားရတယ်။ အခု ကတုတ်ကျင်းထဲ မှာ ပုန်းနေတယ်” လို့ ဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။

ပန်ဆိုင်းမြို့ ရဲစခန်းကို MNDAA တပ်က ထိုးစစ်ဆင်ပစ်ခတ်ခဲ့ပြီး မိနစ်အနည်းငယ်အကြာ မွန်းလွဲပိုင်းမှာပဲ တိုက်ပွဲ ပြန်လည် ငြိမ်သွားတယ်လို့ သူက ပြောပါတယ်။

လက်ရှိ ပန်ဆိုင်းမြို့တစ်ဝိုက်မှာ စစ်ကောင်စီတပ် ကိုးကန့် MNDAA တပ်အပြင် တအောင်း TNLA တပ်တို့ လှုပ်ရှားသွားလာနေတာလည်း မြင်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်းလွဲပိုင်း ၃ နာရီကနေ ၅ နာရီ ကျော်ခန့်အထိ မုံးကိုးမြို့ ကောင်းဒပ်ဘက်မှာ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ပွဲပြင်းထန်ခဲ့ကာ ညနေ ၆ နာရီအထိ ပစ်ခတ်သံအနည်းငယ်ကြားနေရဆဲဖြစ်တယ်လို့ မုံးကိုး ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့် (MNDAA) တို့အကြား မုံးကိုးဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ဆန်းပိုင်းကစတင်ပြီး တိုက်ပွဲ ပြန်လည် ပြင်းထန်လာတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် မုံးကိုးနဲ့ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲမှာ စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိလာပြီး လက်နက်ကြီးထိမှန်သေဆုံးသူ ၁၀ ဦး နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးကျော်ရှိပြီဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button