သတင်း

မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက် ဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး မြို့နယ်ခွဲမှာ ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲခန့်ကစတင်ပြီး စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဒီမနက် ၇ နာရီခွဲခန့်ကစ ပြန်စ ပစ်‌ နေပြီ။ ခုထိ ပစ်နေတုန်းပဲ။ လက်နက်ကြီးရော လက်နက်သေးရော။ နေ့တိုင်း ပစ်တဲ့ နေရာမှာပဲ။” လို့ မုံးကိုး ဒေသခံ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ဒေသခံတွေ စပါးရိတ်သိမ်းချိန် အခက်ကြုံနေရပြီး ပုံမှန် လူအင်အား ၅ ယောက် လောက်နဲ့ လုပ်ရမယ့် အလုပ်ကို အယောက် ၂၀ လောက် လူအင်အား သုံးပြီး နာရီ ပိုင်းအတွင်းပြီးစီးအောင် လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခုလဆန်းပိုင်းကစတင်ပြီး မူဆယ်ခရိုင်အတွင်းမှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားတာလည်း ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့တိုက်ပွဲကြောင့်  ပန်ဆိုင်းမြို့ အရပ်သား ပြည်သူ ၃ ဦး ကျည်ထိသေဆုံးပြီး နေအိမ်အချို့ ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ဖောင်းဆိုင်ဘက် တိုက်ပွဲကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရပြီး နေအိမ်အချို့မှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ဖောင်းဆိုင်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက် သေဆုံးမှုရှိပြီး စစ်ကောင်စီ၏ လက်နက် အများအပြား ကိုးကန့် MNDAA က သိမ်းဆီးရမိကြောင်းနဲ့ စစ်ကောင်စီ တပ်သားတစ်ဦး အလင်းဝင်ခဲကြောင်း ကိုးကန့် သတင်းမှာ ဖော်ပြထားပါတယ်။

Bum Shep

Show More

Related Articles

Back to top button