,

Breaking News :

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

သတ်မှတ်ချိန်အတွင်း ဖြတ်မောင်းလာသည့် ဆီဘောက်ဆာကား မိုင်းဆွဲခံရ

ထီးချိုင့်မြို့နယ်အတွင်း ည ၈ နာရီမှ နံနက် ၅နာရီထိ မည်သည့်ကားမှ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသခံ PDF အဖွဲ့ သတိပေးထားသော်လည်း ယနေ့ နံနက် ၄နာရီဝန်းကျင် ဆီဘောက်ဆာ ကားတစ်စီး ဖြတ်မောင်းလာသည့်အတွက် မိုင်းဆွဲခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက် ၄:၁၃ မိနစ်အချိန်လောက်မှာ အဲကားက ဝင်လာတာဟုတ်တယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ဖြတ်လာလို့လုပ်လိုက်ရတာပါ” ဟု ပြောသည်။

မိုင်းဆွဲခံရသည့် ဆီဘောက်ဆာကားသည် ကျောင်းကုန်းမှ ထီးချိုင်းဘက်သို့ ဝင်ရောက်လာသည့် ဂေါက်ကွင်းအနီးတွင် မိုင်းထိပေါက်ကွဲခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

မြေပြင်သတင်းပေးပို့သူများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်များသည် ယခုရက်ပိုင်း ပြည်သူများ၏ကားနှင့်ရောနှောကာ ဝင်ရောက်လာသည့်အတွက် Local PDF များ လှုပ်ရှားရန် ခက်ခဲမှုရှိနေကြောင်း သိရသည်။

“အခုဆို သူတို့မှာ ကားမရှိဘူး။ အဲတော့ အရပ်သားကားတွေထဲ ရောနှောလိုက်ပါတာမျိုး လုယူထားတဲ့ဆိုင်ကယ်တွေနဲ့သွားတာမျိုး ပြည်သူတွေရဲ့ကားမျိုးစုံကိုချောဆွဲပြီး သွားလာနေပါတယ်။ အဲကြောင့် ပြည်သူတွေအနေနဲ့လည်း အခုချိန်မှာ အသွားအလာသတိရှိစေချင်ပါတယ်” ဟု နီးစပ်သူများက ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ်များ စီးနင်းလာသည့် ကားများ မကြာခနဆိုသလို မိုင်းဆွဲခံနေရသည့်အတွက် စစ်ကောင်စီတပ်များ ပြည်သူအယောင်ဆောင်ကာ သွားလာလှုပ်ရှားမူများ ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း သတ်မှတ်ချိန်အတွင်း လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် ထီးချိုင့်အရှေ့ဘက်ကမ်း PDF အဖွဲ့ခွဲမှ ထပ်မံသတိပေးထားသည်။

ထို့ပြင် အောက်တိုဘာလ ၁၉ရက်နေ့တွင်လည်း ထီးချိုင့်မြို့မှ အင်းတော်ဘက်သို့ တပ်မ ၉၉ အဖွဲ့ စစ်ကောင်စီတပ်များ တင်ဆောင်လာသည့် ခြောက်ဘီးကားနှစ်စီးလည်း မိုင်းဆွဲခံလိုက်ရကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမူများနိုင်ကြောင်း နီးစပ်သူများ၏ သတင်းပေးပို့ချက်အရ သိရသည်။

Read Previous

ပန်ဆိုင်း ရဲစခန်းကို ကိုးကန့်တပ် တိုက်ခိုက်ပြီးနောက် မုံးကိုးဘက်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့

Read Next

မြောက်ဖျားပိုင်း နောင်မွန်မြို့တွင် Covid-19 ပိုးကူးစက်မှု အလွန်များလာ

Leave a Reply

Your email address will not be published. Required fields are marked *