,

Breaking News :

မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

သတင်းပေးမူကြောင့် အရာတော် သစ်ကျင်းကြီးကျေးရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာတွင် အောက်တိုဘာ ၂၀ ရက်ညက NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဟောင်း‌နေအိမ်အပါအဝင် နေအိမ် ၅လုံးကို စစ်ကောင်စီက မီးရှို့ပြီး ရွာသားတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

“သတင်းပေးတဲ့သူရှိလို့ စစ်တပ်က မနေ့ည ၁၂နာရီလောက်မှာ ရွာထဲလာသောင်းကြမ်းတာ အရင်အုပ်ချုပ်ရေးမှူးဟောင်းအိမ်နဲ့ ဘေးကပ်ရပ်က သူ့ညီမအိမ်ပြီးတော့ ‌တစ်ခြားအိမ် စုစုပေါင်း ၅ အိမ် မီးလာရှို့သွားတာတဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် နေအိမ်များကိုမီးရှို့နေသည့်အချိန် စစ်ကောင်စီကကျေးရွာအတွင်း တွေ့သည့်လူများကိုဖမ်းကာ ထိုင်ခိုင်းထားရာမှ ထွက်ပြေးသွားသူတစ်ဦးကို သေနတ်ဖြင့် လှမ်းပစ်ကာ ရိုက်နှက်တုပ်နှောင်ဖမ်းဆီးသွားကြောင်း အထက်ပါဒေသခံထံမှ သိရသည်။

“သူတို့က တွေ့တဲ့သူတွေကို ‌ထိုင်ခိုင်းထားတာပေါ့နော်၊ အဲမှာရွာလူကြီးတစ်ယောက်က ထပြေးလို့ သေနတ်ပစ်ခတ်ပြီး ပြန်ဖမ်းသွားတယ်လို့ သိရတယ် ဖမ်းဆီးခံရတဲ့သူက ပြန်မလွှတ်လာသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

သစ်ကျင်းကြီး ကျေးရွာအား လာရောက်မီးရှို့သည် စစ်ကောင်စီတပ်သည် အရာတော်မြို့နယ်အနီးရှိ မတ-၃၉၆ (၃၆၉ အမြှောက်တပ်ရင်း၊ အရပ်ခေါ် သစ်ကျင်းကြီးတပ်) ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ ကျေးရွာများတွင် လူနေအိမ်ဖျက်စီးမူများ ဆက်လက်လုပ်ဆောင်လာနေကြောင်း နီးစပ်သူများက ပြောသည်။

အရာတော်မြို့နယ်သည် စက်တင်ဘာလ ၂၃ ရက်နေ့မှစကာ အင်တာနက်လိုင်းဖြတ်ခံထားရပြီး အချို့ကျေးရွာများတွင် ဖုန်းလိုင်းများလည်း ဖြတ်ခံထားရဆဲဖြစ်သည်။

Read Previous

မြောက်ဖျားပိုင်း နောင်မွန်မြို့တွင် Covid-19 ပိုးကူးစက်မှု အလွန်များလာ

Read Next

မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား