,

Breaking News :

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

မိုးညှင်း KIA တပ်ရင်း ၂၆ နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို မိုးညှင်းအနီးတွင် KIA မိုင်းခွဲ တိုက်ခိုက်

ဥယျာဉ်ထဲက ပန်းပွင့်များ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် မိုးမောက်မြို့ ဘုရားကျောင်းနှင့် စစ်ရှောင်စခန်းတွင် လက်နက်ကြီးကျ

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေ

မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တာဝန်ကျသည့် ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်းယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့တစ်ဖွဲ့မှ အောက်တိုဘာလ ၂၀ ရက်ညနေပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများမှ သိရသည်။

“မနေ့ညနေ ၆နာရီလောက်မှာထင်တယ် သူတို့နေတဲ့အိမ်ကနေ သေနတ်ထောက်ပြီး လာဖမ်းသွားတာ သူ့ယောက်ဖလည်း ပါသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် တပ်ကြပ်ကြီး တင့်ဆွေဦးသည် မိုးမောက်မြို့ ခါနန်ရပ်ကွက်တွင် အိမ်ငှားနေထိုင်ကြောင်းလည်း သိရသည်။

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်များ ဖမ်းဆီးခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကာ လက်ရှိချိန်ထိ မည်သည့်အဖွဲ့စည်းမှ ဖမ်းဆီးသွားကြောင်း မသိရသေးပေ။

မိုးမောက်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာသွားလမ်းနှင့် အရှေ့ဘက် လွယ်ဂျယ် မိုင်ဂျာယန်သွားသောလမ်းဆုံတွင်တည်ရှိပြီး ပြီးခဲ့သောရက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းကို KIA က မိုင်းခွဲ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

Read Previous

သတင်းပေးမူကြောင့် အရာတော် သစ်ကျင်းကြီးကျေးရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

Read Next

ကန်ရင်းကျေးရွာနှင့် PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အင်အား ၂၀၀ခန့်ဖြင့် စီးနင်း

Leave a Reply

Your email address will not be published. Required fields are marked *