Year: 2021
-
Aug- 2021 -3 AugustCovid-19 Reporting
လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ပထမဆုံး အမျိုးသမီးတစ်ဦး သေဆုံး
KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦး ယနေ့ သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသူမှာ Munglai Hkyet Quarantine Center တွင် ကိုဗစ်အတည်ပြုလူနာအဖြစ် ဆေးကုသခံယူနေရသည့် အသက် ၄၂…
Read More » -
3 Augustသတင်း
ဝိုင်းမော် အာဏာသိမ်းစစ်တပ်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့
ဝိုင်းမော်မြို့ အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၅၈ အဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ယမန်နေ့ညက လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်ဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုနှင့် ပတ်သက်ပြီး KIO ဗဟိုဌာန…
Read More » -
2 Augustသတင်း
စစ်တပ်ကိုဆန့်ကျင်သော ဆရာမ ဒေါ်လငန်လွမ်းနော အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာ
စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံလိုက်ရသော ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လငန်လွမ်းနော ယနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ “ဆရာမကြီး ပြန်လွှတ်လာလို့ အရမ်းဘဲ ဝမ်းသာပါတယ်။ ဒီမနက်ပိုင်းလွှတ်တဲ့ထဲ ပါလာတယ်” ဟု ဆရာမနှင့် နီးစပ်သူ တစ်ဦးက…
Read More » -
2 Augustတိုက်ပွဲ
ဖားကန့်လမ်း အာဏာသိမ်းတပ် စစ်ကြောင်းကို KIA မိုင်းဖြင့် စောင့်ကြို တိုက်ခိုက်
ဖားကန့် လမ်းမပေါ် နန့်ယားကျေးရွာ (Nam Ya Mare) မှ တက်လာသည့် အာဏာသိမ်းစစ်တပ်အဖွဲ့ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ…
Read More » -
2 Augustသတင်း
သေနတ်ဖြင့် ပစ်ခံရသည့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးသေဆုံး
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “ကျနော်တို့ကြားရတာတော့ မနေ့ည သေနတ်ပစ်ခံရပြီးနောက် ဗန်းမော်ဆေးရုံကို ပို့လိုက်ကြတယ်လို့ သိရတယ်။ ဒီမနက်ပြန်ကြားတာတော့ ဆုံးသွားပြီတဲ့” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦး က ပြောသည်။…
Read More » -
Jul- 2021 -31 Julyသတင်း
နမ္မတီး ဆီးဒင်ယန် စစ်တပ်စခန်းကို KIA တိုက်ခိုက်
မိုးကောင်းမြို့နယ် နမ္မတီးမြို့ နဲ့ မရန်ကထောင်ကျေးရွာကြားရှိ ဆီးဒင်ယန်ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခန့် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မိုးကောင်းမြို့အနီးတွင် တပ်စွဲထားသော အမြောက်တပ်ဘက်မှ…
Read More » -
30 Julyသတင်း
ကချင်နှင့် စစ်ကိုင်းနယ်စပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု များပြား
ကချင် စစ်ကိုင်း နယ်စပ် နန့်စီးအောင် ကျေးရွာအနီး အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။ ယနေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်က စစ်ရိက္ခာတင်ကာ…
Read More » -
30 Julyသတင်း
ဝိုင်းမော် ခလရ ၅၈ တပ်ရင်းပစ်ခတ်ခံရမှု စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ
ဝိုင်းမော်မြို့ မဒိန်ကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယမန်နေ့ည သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထိခိုက်သူများပြားကြောင်း သိရသည်။ ဇူလိုင်လ ၂၉ ရက်ည ၁၀ နာရီခွဲဝန်းကျင်ခန့်…
Read More » -
29 Julyသတင်း
ဖျားနာမှုများလာသည့် ဗန်းမော်စစ်ရှောင်စခန်းကို Lock Down ချမှတ်
ကချင်ပြည်နယ် ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းတွင် စစ်ရှောင်များ ဖျားနာမှုများလာသည့်အတွက် တစ်ပတ်တိတိ Lock Down ချမှတ်ထားကြောင်း စခန်းတာဝန်ခံများမှ သိရသည်။ ” ကိုဗစ်တော့ မဟုတ်ဘူး ခုမိုးရာသီဆိုတော့ နေမကောင်းတဲ့သူ တော်တော်များလာတယ်။ တစ်ချို့အိမ်ဆို မိသားစုလိုက် ဖျားနေကြတယ်။…
Read More » -
29 Julyအင်တာဗျူး
မိုင်ဂျာယန် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေနှင့်ပတ်သက်ပြီး KIO တာဝန်ရှိသူဖြင့် မေးမြန်းခြင်း
မေး – KIO ထိန်းချူပ်နယ်မြေ မိုင်ဂျာယန်မှာ လက်ရှိ ကိုဗစ်-၁၉ ကူးစက်နေမှု အခြေအနေဘယ်လိုရှိလဲ။ ဖြေ – ကျနော်တို့ မိုင်ဂျာယန်မှာတော့ တစ်ယောက်ပြန်ထပ်တိုးတယ်။ အားလုံး ၆၉၀ ဦးရှိပြီ။ ပြန်ကောင်းသွားတာကတော့ ၁၉၁ ဦး…
Read More »









