Covid-19 Reportingသတင်း

လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ပထမဆုံး အမျိုးသမီးတစ်ဦး သေဆုံး

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦး ယနေ့ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ Munglai Hkyet Quarantine Center တွင် ကိုဗစ်အတည်ပြုလူနာအဖြစ် ဆေးကုသခံယူနေရသည့် အသက် ၄၂ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအဖွဲ့ မှ ဗိုလ်မှူးကြီး ဟိန်းဝမ်က KNG ကို ပြောသည်။

“ဒီအနက် ၇ နာရီဝန်းကျင်လောက်မှာ ဆုံးသွားတာဟုတ်တယ်။ သေဆုံးသွားတဲ့ အမျိုးသမီးက နဂိုကနေ သွေးတိုးနဲ့ ဆီးချို ၂မျိုးစလုံး ရောဂါ အခံရှိတဲ့ သူဖြစ်တယ်။ ပိုးစတွေ့တဲ့နေ့ဘဲ သူ့ကို ဆေးကုသတဲ့နေရာကိုပို့လိုက်တယ်။ ပိုးတွေ့တုန်းကတော့ ပုံမှန် ဖြစ်သေးတယ်။ မနေ့ကဘဲ အခြေအနေပိုဆိုးလာပြီး ဒီကနေ့ဆုံးသွားတာဖြစ်သည်ဟု” ပြောဆိုသည်။

သေဆုံးသွားသည့် အမျိုးသမီးမှာ လိုင်ဇာဝေကျိုင်တွင် နေထိုင်သူဖြစ်ကာ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပိုးစစ်ဆေးတွေ့ရှိခဲ့သူဖြစ်သည်။

ဩဂုတ်လ ၃ ရက်နေ့အထိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၀ ဦးကျော်ထိရှိလာပြီဖြစ်ကာ အများစုမှာ ဝေကျိုင်နှင့် ရပ်ကွက် ၅ တို့တွင် ဖြစ်သည်။

KIO ထိန်းချုပ်နယ်မြေများအနက် မိုင်ဂျာယန်သည် ပိုးတွေ့ လူနာဦးရေ ၇၀၀ ကျော်ဖြင့် အများဆုံး ဖြစ်သည်။

Show More

Related Articles

Back to top button