,

Breaking News :

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကောင်စီ တင့်ကား ၂ စီး၊ စစ်ကား ၃၀ ကျော် ၊ ခြေကျင်စစ်သား ၂၀၀ ကျော်ဖြင့် မုံးကိုး ဘက်သို့ ချီတက်လာ

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်

စစ်ကောင်စီတပ် မှ လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် တိုက်ခိုက်

မုံးကိုး စစ်ဘေးဒုက္ခသည် ၂၆ ဦး COVID-19 ပိုး ကူးစက်ခံထားရ

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီလက်အောက် လောက်ကိုင် နယ်ခြားစောင့်တပ်များ ဒေသခံများ၏ လယ်ယာခြံမြေကို ဖျက်ဆီး

တရုန် ရောက် စစ်ကောင်စီတပ်ကို ပစ်ခတ်ခြင်းမပြုရန် KIA ထံ ဒေသခံများမှတဆင့် အကြောင်းကြားခိုင်း

နမ့်ခမ်း COVID -19 ပရဟိတအဖွဲ့ဝင်အချို့ ပိုးကူးစက်ခံထားရ

မြန်မာ နယ်နမိတ်အတွင်းထိ တရုတ်နယ်ကျွံ ခြံခတ်မှုကို ဒေသခံများ ဖျက်စီးပစ်

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းပစ်ခတ်ခံရမှု စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိ

ဝိုင်းမော်မြို့ မဒိန်ကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယမန်နေ့ည သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထိခိုက်သူများပြားကြောင်း သိရသည်။

ဇူလိုင်လ ၂၉ ရက်ည ၁၀ နာရီခွဲဝန်းကျင်ခန့် KIA တပ်မဟာ ၅ အောက် တပ်ရင်း ၃ အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ရင်း ၅၈ မှ ကင်းမှူး ၂ ဦးသေဆုံးပြီး၊ ထိခိုက်သူ များပြားခဲ့သည်ဟု အမည်မဖော်လိုသူ ဝိုင်းမော်ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“KIA က လာပစ်တဲ့အချိန်မှာ စခန်းရဲ့အဝင်ဂိတ်မှာ ကင်းပုန်းနေတဲ့ စစ်သား ၁၀ ယောက်လောက်ရှိနေတဲ့အထဲမှာ ၂ယောက်က အဲ့မှာပွဲချင်းပြီးသွားတယ်။ စခန်းအနောက်ဘက်မှာလည်း ကင်းပုန်းအဖွဲ့ရှိသေးတယ်။ အဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရတဲ့ သူတွေများတယ်လို့သိရတယ်။ ခန့်မှန်းခြေ ပြောရရင် ၃၀တော့မနည်းဘူး။ နောက်ပြီး ဒီမနက် လမ်းပေါ် ဖြတ်သွားတဲ့ သူတွေပြောတာက ဂိတ်နားမှာ သွေးတွေတောင်မြင်နေရသေးတယ်တဲ့” ဟု ပြောဆိုသည်။

စခန်းတွင်း ထိခိုက်မှုများလာပြီးနောက် စစ်ကောင်စီ ၅၈ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လဘန်ကျေးရွာရှိ KEP ကုမ္ပဏီဝင်းတွင် လက်နက်ကြီး ကျမှန်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

“၅၈ တပ်ရင်းကနေ ပြည်သူတွေရှိတဲ့ ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တယ်။ KIA ရှိတယ်ထင်လို့လား။ ဒါမှမဟုတ် တမင် ပစ်ခတ်တာလားတော့မသိဘူး။ KEP ကုမ္ပဏီဝင်းမှာ လက်နက်ကြီးတစ်လုံးကျမှန်သွားတယ်လို့ အဲ့ကုမ္ပဏီ ဝန်ထမ်း တစ်ဦးက အဲ့မှာဆုံးသွားတယ်။ ၁ ယောက်က ကျည်ထိမှန်ထားတာ တော်တော်ဆိုးတယ်လို့သိရတယ်” ဟု မဒိန့် ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။

လက်နက်ကြီးကြောင့် သေဆုံးသွားသူမှာ ဝိုင်းမော်မြို့ ရပ်ကွက် (၃)တွင်နေထိုင်သည့် အသက် ၃၆နှစ်အရွယ် ကိုအောင်လီ ဆိုသူ ဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့ ၅၈ တပ်ရင်းကို KIA က သွားရောက်ပစ်ခတ်မှုမှာ မှန်ကန်ကြောင်း KIO ဗဟိုချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက KNG သတင်းဌာနကို ယခုလို အတည်ပြုပြော ဆိုခဲ့သည်။

“တစ်ခါတည်း ရှောင်သခင်ပုံစံနဲ့ ဝင်ပစ်တယ်လို့သိရတယ်။ KIA ဘက်ကတော့ ဘာမှမဖြစ်ဘူးလို့ ပြောတယ်။ စစ်ကောင်စီဘက်က ဘယ်လောက်ကျတယ်ဆိုတာက ဆက်လက်စုံစမ်းနေတယ်။ ကျန်တာက အသေးစိတ်မသိရပါဘူး။ အားလုံးသိတဲ့အတိုင်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်လို့ ကုမ္ပဏီဝင်းတစ်ခုက ပြည်သူတစ်ယောက်က ဆုံးသွားတယ်။ တစ်ဦးက ထိခိုက်ဒဏ်ရာရသွားတယ်။ ဒီလောက်ဘဲ သိရသေးတယ်” ဟု
ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

ဝိုင်းမော်တွင် ည ၁၀ နာရီဝန်းကျင်ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မိုးကောင်းမြို့ အခြေစိုက် စကခ နှင့် နမ္မတီးမြို့ အထွက် မရန်ကထောင်ကျေးရွာရှိ စစ်တပ်ဂိတ်ကိုလည်း KIA က တစ်ဆက်တည်း တိုက်ခိုက်ခဲ့ကြောင်း ထပ်မံ သိရသည်။ သို့သော် အသေးစိတ်အခြေအနေကို မသိရသေးပါ။

ဝိုင်းမော်စစ်တပ်ရင်း ပစ်ခတ်ခံရပြီးနောက် ည ၁ နာရီခန့်တွင် KIO ဌာနချုပ် လိုင်ဇာမြို့ဘက်သို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု လိုင်ဇာဒေသခံများပြောသည်။

Read Previous

ဖျားနာမှုများလာသည့် ဗန်းမော်စစ်ရှောင်စခန်းကို Lock Down ချမှတ်

Read Next

ကချင်နှင့် စစ်ကိုင်းနယ်စပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှု များပြား

Leave a Reply

Your email address will not be published. Required fields are marked *