Covid-19 Reportingသတင်းအင်တာဗျူး

မိုင်ဂျာယန် ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေနှင့်ပတ်သက်ပြီး KIO တာဝန်ရှိသူဖြင့် မေးမြန်းခြင်း

မေး  – KIO ထိန်းချူပ်နယ်မြေ မိုင်ဂျာယန်မှာ လက်ရှိ ကိုဗစ်-၁၉ ကူးစက်နေမှု အခြေအနေဘယ်လိုရှိလဲ။

ဖြေ – ကျနော်တို့ မိုင်ဂျာယန်မှာတော့ တစ်ယောက်ပြန်ထပ်တိုးတယ်။ အားလုံး ၆၉၀ ဦးရှိပြီ။ ပြန်ကောင်းသွားတာကတော့ ၁၉၁ ဦး ရှိပြီ။ ခုတော့ ထပ်တိုးတာ သိပ်မရှိဘူး။ ထပ်တိုးနေတဲ့ နေရာတွေကတော့ လူအများ စုစည်းနေတဲ့ ကောလိပ်ကျောင်းလိုမျိုး၊ ဘော်ဒါလိုမျိုး၊ အဲ့လိုမျိုးနေရာတွေမှာ အချင်းချင်းကူးစက်ကြတာ များတယ်။

မေး – ဟုတ်ကဲ့၊ ဒါဆိုရင်တော့ ကိုဗစ် လူနာတွေထဲမှာ ဆိုးဆိုးရွားရွားဖျားတာ နာတာရှိလား။

ဖြေ – ဆိုးဆိုးရွားရွားဖြစ်တာတော့ မရှိဘူး။ အရင်တစ်ခေါက်က အသက်ကြီးတဲ့သူတွေထဲမှာ အောက်ဆီဂျင် ကျတာတွေရှိလို့ အောက်ဆီဂျင် ပေးရှူရတာတွေရှိတယ်။ တစ်ချို့တွေတော့ ကိုယ်ဝန်နဲ့ဆိုတော့ အစာစားလို့မရ အန်တာတွေရှိတယ်။ ခုသူတို့ကတော့ ကောင်းသွားပြီ။ Negative စာရင်းထဲထည့်လိုက်ပြီ။ positive လူနာတွေကိုထားတဲ့နေရာသပ်သပ်၊ ပြန်ကောင်းသွားပြီး Negative ပြသွားတဲ့သူတွေကိုထားတဲ့နေရာသပ်သပ်၊ ကွာရန်တင်းနေရာသပ်သပ်လုပ်ထားတယ်။

မေး – မိုင်ဂျာယန်မှာ အခုလို ကိုဗစ်ပိုးတွေ့လူနာတွေ များလာတော့ အစားအသောက်နှင့်ပတ်သက်ပြီး ခက်ခဲတာရှိလား။

ဖြေ – အားလုံး Lockdown ချထားတယ်ဆိုတော့ တစ်ချို့ကျောင်းသားတွေ အိမ်ခန်းဌားနေတဲ့သူတွေ ဘယ်မှ သွားလို့မရ ဝယ်လို့မရဆိုတော့ သူတို့တွေမှာ အစားအသောက်တော်တော်ခက်ခဲလာတယ်။ ကျေးရွာတွေမှာ အောက်ခြေလူတန်းစားတွေ နေ့စားတွေအတွက် လုပ်ငန်းပိုင်း နှင့် အစားအသောက်တွေ ခက်ခဲလာကြတယ်။ မနေ့က ကျနော်တို့ ဆန်အိတ် ၂၀၀ ကျော်ကို လိုအပ်နေတဲ့သူတိုင်း လူနာတွေရှိတဲ့ အိမ်တွေကို လူဦးရေတော့ ၃ ထောင်ကျော်အတွက်ပေးတယ်။ အရေးကြီးတဲ့သူတွေအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ ပဲ၊ အားလူး အဲ့လိုမျိုးတွေ သွားရောက်ပေးခဲ့တယ်။

မေး – ခုဒီ ကိုဗစ်အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူတွေကို ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုညွှန်ကြား ပြောလိုတာတွေရှိလဲ။

ဖြေ – အခု ကိုဗစ် တတိယလှိုင်း ဗီဇပြောင်းရောဂါက အရမ်းဆိုးတာဖြစ်တယ်။ အရမ်းကူးစက်မြန်တာကြောင့် ကိုယ့်ကိုယ်သတိထားတာအပြင် မရှိဘူး။ အရမ်းလည်းဆိုးလာတော့ ပြည်သူတွေကို အသိပေးချင်တာက မိမိကိုယ်တိုင် ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်းမွန်မွန် လိုက်နာကြရအောင် အားလုံး mark ကို အမြဲဆောင်ပြီး အပြင်မထွက်ဘဲနေရအောင်။ အခုက ကူးစက်မှုနှုန်းလည်း မြန်တယ်။ သေဆုံးမှုနှုန်းလည်း မြင့်တက်နေတာကြောင့် သတိရှိရှိနှင့် နေကြရအောင်လို့ တိုက်တွန်းနိုးဆော်လိုပါတယ်။

Show More

Related Articles

Back to top button