တိုက်ပွဲသတင်း

ချောင်းဝရွာအနီး မြို့လှ PDF ပူးးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့

ကသာမြို့နယ်၊ ချောင်းဝကျေးရွာအနီး မြို့လှ KIA နှင့် PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ကြား ယနေ့ နံနက် ၇ နာရီခန့်တွင် က်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသရင်းမြစ်မှ သိရသည်။
” သင်္ဘောကို လုံခြုံရေးယူပေးဖို့ ချောင်းဝရွာက‌နေ ထွက်လာတဲ့ စစ်တပ်ကို မြို့လှ PDF နှင့် KIA ပူးပေါင်းတပ်တို့နဲ့ဖြစ်တာ ထိခိုက်မူ အခြေနေတော့ မသိရသေးဘူး” ဟု ဒေသရင်းမြစ်ကပြောသည်။
အဆိုပါတိုက်ပွဲသည် စစ်တပ်လက်အောက်ခံတပ်ရင်း ၁ဝ၁ တပ်အား ဗိုလ်ဇာမဏီဦးဆောင်သည့် မြို့လှ PDF တပ်ခွဲ ၂နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ခန့်ကြာမြင့်ပြီး ၎င်းကဆက်ပြောသည်။
ထို့နောက် ယင်း စစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်တို့သည် မြစ်ကြောင်းတစ်လျှောက် ပစ်ခတ်မူများ ဆက်တိုက် ပြုလုပ်သွားသည့်အပြင် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမူများရှိနိုင်သည့်အပြင် ဒေသခံကာကွယ်ရေးတပ်မှ ၃ဦး မိုင်းစအနည်းငယ်ထိမှန်ကာစိုးရိမ်စရာမရှိကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် မန်းလေး- ဗန်းမော် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ၎င်းတို့တပ်များအတွက် စားနပ်ရိက္ခာများနှင့် စစ်အင်အားပို့ဆောင်ရန် ရေကြောင်းအား ပုံမှန်အသုံးပြုနေဆဲဖြစ်သည်။
ယင်းကဲ့သို့ ရေကြောင်းဖြင့် ရိက္ခာပို့ဆောင်သည့် စစ်သင်္ဘောသည်လည်း မြစ်ကြောင်းတစ်လျှောက် ဒေသခံကာကွယ်ရေးတပ်များ၏ မကြာခန ခြုံခိုတိုက်ခိုက်ခြင်းခံနေရသည်။
Photo- မြို့လှ PDF
Show More

Related Articles

Back to top button