တိုက်ပွဲသတင်း

အင်းတော်မြို့နယ်တွင် စစ်ကောင်စီကား ၂ စီး မိုင်းဆွဲခံရပြီး သုံးပွင့်ဗိုလ်အပါ စုစုပေါင်း ၁၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စီပိန်းရွာ မှ နန့်စီးအောင်ဘက်သို့ တက်လာသော စစ်ကောင်စီကား ၂ စီးအား ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော် PDF (I.PDF)တို့မှ ဇန်နဝါရီလ ၂၁ ရက်နေ့ ၆နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးပွင့်ဗိုလ်တစ်ဦး အပါအဝင်စုစုပေါင်း ၁၁သုံးသေဆုံးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။

“စစ်ကောင်စီဘက်က အင်အားလေးဆယ်လောက်ပါလာတယ်။ မော်လူးနှင့် ပေကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ဆယ့်တစ်ယောက်ကျတယ်။ ဒဏ်ရာရတာ ၂၀ကျော်လောက်ရှိတယ်။ သူတို့ဘက်က အင်အားများတော့ ကျနော် တို့ဘက်ကပစ်ပြီးဆုတ်ခွာခဲ့တယ်။ အခုထိတော့ နောက်ဆက်တွဲ နောက်ထပ်စစ်ကြောင်းထိုးလာတာ မရှိသေးဘူးဗျ။” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က တက်လာသည့် စစ်ကားနှစ်စီးအနက် တစ် စီးချောက်ထဲ ကျသွားကြောင်းလည်း သိရသည်။

“စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာကြောင့်မို့ ကျနော်တို့ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ပါ တယ်။ သို့ပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး” ဟု အင်းတော် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် နယ်စပ်တွင် ယခုရက်ပိုင်း တိုက်ပွဲပိုမိုပြင်းထန် လျက်ရှိနေသည်။

ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့တွင်လည်း နဘားရွာမှ ပင်ဝယ်ရွာဘက်သို့ မီးရထားလမ်းအတိုင်းတက်လာသည့် စစ်‌ကြောင်း အင်အား ၃၀ခန့် အား KIA နှင့် အင်းတော် I.PDF ပူးပေါင်းတပ်ဖွဲ့များမှ ပင်ဝယ်ရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး ထက်မနည်းသေဆုံးကြောင်း သိရသည်။

” ခုလည်း ဂိတ်မှာအရမ်းစစ်နေတယ် မိန်းကလေးနဲ့ယောက်ျားလေးဆိုရင် မစစ်ဘူး ယောက်ျားလေးနှစ်ယောက်စီးပြီးလာတဲ့ ဆိုင်ကယ်မှန်သမျှ စစ်နေတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားစစ်ရေးငြိမ်သက်နေပြီး ကချင် စစ်ကိုင်းနယ်စပ်ဘက်တွင် နေ့စဉ် နီးပါး ပစ်ခတ်မှုဖြစ်ပွားနေကြောင်း သိရသည်။

Photo- crd

Show More

Related Articles

Back to top button