သတင်း

ကသာမြို့တွင် PDF နှင့် ဆက်နွယ်ကြောင်း မသင်္ကာသူများကို ဖမ်းဆီးမှုနှင့် နေအိမ် ချိတ်ပိတ်မှုများရှိလာ

အာဏာသိမ်းပြီးနောက် တစ်နှစ်ခန့်အကြာ စစ်ကောင်စီတပ်သည် ကသာမြို့တွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပြင် PDF နှင့် ဆက်နွယ်သည်ဟု ယူဆသူများအား လိုက်လံဖမ်းဆီးအရေးယူခြင်းနှင့် နေအိမ်များအား နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းမူများ လုပ်ဆောင်လာနေကြောင်း ဒေသခံများမှ သိရသည်။

” မနေ့က ပိတ်သွားတဲ့အိမ်က CRPH နဲ့ ဆက်နွယ်လို့တဲ့ သူတို့ကညညဆို ရပ်ကွက်ထဲမှာလိုက်သွားနေကြတာ ထွက်မကြည့်ရဲဘူး သူတို့ မထင်ရင်မထင်သလို အိမ်တွေထဲဝင်ရှာတာတွေလုပ်တယ် ဘာပဲဖြစ်ဖြစ် အခုချိန်မှာသူတို့ကိုကြောက်နေရတယ်” ဟုအမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၂၈ရက်နေ့ ကသာမြို့နယ်၊ ကြန်တောကျေးရွာ၊ သာယာကုန်းရပ်မှ ငြိမ်းချမ်းအောင် (ဘ) ဦးတင်ဝင်းအောင် ပိုင်ဆိုင်သောနေအိမ်အား CRPH/ NUG အဖွဲ့အစည်းဖြင့်ချိတ်ဆက်ဆောင်ရွက်သည်ဟုဆိုကာ နေအိမ်အား လာရောက်ချိတ်ပိတ်လိုက်လိုက်သည့်အပြင် ဇန်နဝါရီလ ၂၀ရက်နေ့တွင်လည်း အီးတိန်ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်အား ချိတ်ပိတ်ကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူထားသည်။

စစ်‌ကောင်စီတပ်သည် ကသာမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကသာမြို့တွင်းရှိ ကုန်မာဆိုင်၊ စတိုးဆိုင်နှင့် ရွှေဆိုင်စတဲ့ လုပ်ငန်းရှင် ၉ ဦးနှင့် ဒေသခံ ၇ ဦးခန့် အကြောင်းမဲ့ဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသည့်အပြင် မိသားစုများနှင့်ပါ အဆက်အသွယ် မရကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ကသာမြို့တွင်းနှင့်မြို့ပြင် အဝင်အထွက်စစ်ဆေးခြင်း၊ ဖုန်းများနှင့် Fb acc များပါ စစ်ဆေးမူများ ပြုလုပ်လျှက်ရှိပြီး မြို့တွင်း လမ်းဆုံလမ်းကြားတွင်လည်း လုံခြုံပိုမိုတင်းကြပ်ထားလျှက်ရှိကြောင်း သိရသည်။

စစ်အင်အားပြင်ဆင်မှုတွင် ပျူစောထီးအဖွဲ့များပါဝင်နေပြီး စစ်တပ်နှင့်ရဲများပါ နေ့ရောညပါ မြို့တွင်းမြို့ပြင် လူနေရပ်ကွက်များပါမကျန် ကင်းပတ်သွားလာတာတွေ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၂၈ ရက်တွင်လည်း ကသာမြို့တွင် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် “ပြည်သူများ အသံတိတ်သပိတ်တွင် မပါဝင်ကြဖို့နဲ့ စျေးသည်များပုံမှန်စျေးရောင်းထွက်ကြရန်နှင့် လိုက်နာမှုမရှိပါက ၅၀၅ (ခ) ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ကားဖြင့်မြို့တွင်းလှည့်လည် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မဖြစ်မနေစျေးရောင်းဖို့ သူတို့ကားနဲ့လိုက်အော်နေတယ်၊ နေ့စဥ်စျေးကရောင်းမကောင်းဘူး၊ စျေးဆိုင်ခန်းခွန်တွေလည်း မပြတ်တမ်းပေးနေရတယ်၊ လူစီတဲ့အခါလေးပဲစျေးကရောင်းရတာ သူတို့စျေးရောင်းခိုင်းလည်း မှာကုန်နဲ့ဖောက်သည်မရှိရင် အစောပိုင်းဖွင့်ဖြစ်တယ်” ဟု စျေးသည်အမျိုးသမီးကဆိုသည်။

Photo- crd

Show More

Related Articles

Back to top button