,

Breaking News :

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

ဗန်းမော်တွင် ရဲသား ၂ ဦးပစ်ခံရပြီးနောက် ပြည်သူ ၆ ဦးဖမ်းဆီးခံရ

မူဆယ်မြို့တွင် ၁ ရက်အတွင်း ပိုင်ရှင်မဲ့အလောင်း ၂ လောင်းတွေ့ရှိ

စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဆားလင်းကြီး PDF ရဲဘော် ၂ဦး သတ်ဖြတ်ခံရ

ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ နေအိမ် ချိတ်ပိတ်ခံရ

ကသာမြို့နယ် တွင် PDF ပူးပေါင်းတပ်ဖွဲ့များ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ရဝမ် လူငယ်အသင်း ဥက္ကဋ္ဌ ဦးဖုန်ရော့ဖီနန်ကို စစ်ကောင်စီ မှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်တွင်ပေါက်ကွဲမှုဖြစ်၊ MPT Cable ပုံးပျက်စီးသွား

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ Asia Energy စက်သုံးဆီအရောင်း ဆိုင်အနီးတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ MPT Cable ပုံးထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်စဥ်သည် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဖြစ်စဥ်နှင့်ပတ်သက်၍ မြို့သစ်ကြီးရပ်ကွက်နေအမျိုးသားတစ်ဦးက ယခုကဲ့သို့ဆိုသည်။

”မနက်သုံးနာရီခွဲကပေါက်ကွဲတာ ချိန်ကိုက်မိုင်းလား ပစ်မိုင်းလာတောင်မသိလိုက်ဘူး အစောကြီးဆိုတော့ အသံတော့ကျယ်တယ်။ မနက်စောကြိီးဆိုတော့ လူသွားလူလာမရှိသေးတော့ တခြားထိခိုက်တာမရှိဘူးသိရတယ်။သို့ပေမယ့်အဲ့ဒီ ဆီဆိုင်အနီးက MPT ပုံးတစ်ခုတော့ တစ်စစီပျက်စီးသွားတယ်။”ဟု အမည်မဖော်လိုသည့် မြို့သစ်ကြီး ရပ်ကွက်နေသူ အမျိုးသားတစ်ဦးကပြောသည်။

ယင်းပေါက်မှုသည် Asia Energy ဆီဆိုင်နဲ့ ပေ သုံးဆယ်ခန့်အကွာတွင်ရှိသည့် MPT Cable ပုံးအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဆီဆိုင်သည် စစ်တပ်အာဏာသိမ်းသည့်နောက် အာဏာပိုင်များနှင့်ဆက်နွယ်သည်ဟုဆိုကာ သပိတ်မှောက်မှုများရှိခဲ့ပြီး ဆီဆိုင်စတင်တည်ဆောက်ချိန်ကာလ ၌လည်းအနီးပတ်ဝန်ကျင်ရှိရပ်ကွက်နေပြည်သူများကဆီဆိုင်တည်ဆောက်မှုကို အလိုမရှိကြောင့်ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။

မြစ်ကြီးနားမြို့တွင်းတွင် လွန်ခဲ့သည့်ရက်ပိုင်းက တပ်ကုန်းရပ်ကွက်၊ ဂျာရာပါတီး နယ်မြေရှိ Mytel တာဝါတိုင်တစ်ခု ဖောက်ခွဲခံရာမှုနှင့် Mytel ရုံးဖောက်ခွဲခံရမှုဖြစ်စဥ်များသာရှိခဲ့ပြီး မြန်မာ့ဆက်သွယ်ဆက်သွယ်ရေးလုပ်ငန်း (MPT)နှင့်ပတ်သက်၍ဖောက်ခွဲဖျက်စီးခံရမှုမှာ ယခုတစ်ကြိမ်ပထမဆုံးဖြစ်သည်။

Read Previous

မြစ်ကြီးနားတွင် ကိုဗစ်ကြောင့် သေဆုံးတွင် ဆက်ရှိနေ

Read Next

ကသာမြို့တွင် စစ်ရေးအရှိန် မြင့်လာပြီး မြို့တွင်း‌ဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်လာ

Leave a Reply

Your email address will not be published.