Covid-19 Reportingသတင်း

ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်ဖြစ်ပွားနေ

ကချင်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလတွင် ပိုးကူးစက်သူ စုစုပေါင်း  ၂၅၄ ဦးနှင့် သေဆုံးသူ ၄ ဦး ရှိသည်ဟု သိရသည်။

သို့သော် အဆိုပါစာရင်းများမှာ စစ်ကောင်စီအောက် ကျန်းမာရေးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေကြား မြို့နယ် ရပ်ကွက်အတွင်းရှိ လူမှုကူညီရေးအသင်းများ၏ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူနှင့် သေဆုံးသူ စာရင်းများကို အစုံအလင် ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း မြစ်ကြီးနားခရိုင်ရှိ မြစ်ကြီးနားမြို့နယ်တွင် ပိုးကူးစက်ခံရသူ ၃၉ ဦးနှင့် သေဆုံး ၂ ဦး ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ ၂၁ ဦးနှင့် သေဆုံး ၁ ဦး ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ ၁၂ ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် ၁၀ ဦးနှင့် သေဆုံးမရှိ ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ ၁ ဦးနှင့် သေဆုံးမရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၈၃ ဦး နှင့် သေဆုံးသူ စုစုပေါင်း ၃ ဦး ရှိခဲ့သည်။

ဗန်မော်ခရိုင်ရှိ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ ဗန်မော်မြို့နယ်တွင် ၁၈ ဦးနှင့် သေဆုံးမရှိ ၊ မိုးမောက်မြို့နယ်တွင် ၆ ဦးနှင့် သေဆုံးမရှိ ၊ မံစီမြို့နယ်တွင် ၅ ဦးနှင့် သေဆုံးမရှိ ၊ ရွှေကူမြို့နယ်တွင် ၇ ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ပိုးတွေ့လူနာ ၃၆ ဦး ရှိသည်။

မိုးညှင်းခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ မိုးညှင်းမြို့နယ်တွင် ၁၉ ဦးနှင့် သေဆုံးမရှိ ၊ မိုးကောင်းမြို့နယ်တွင် ၁၂ ဦးနှင့် သေဆုံး ၁ ဦး ၊ ဖားကန့်မြိုနယ်တွင် ၁၆ ဦးနှင့် သေဆုံးမရှိ ပိုးတွေ့လူနာ စုစုပေါင်း ၄၇ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁ ဦး ရှိသည်။

ပူတာအိုခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ပူတာအိုမြို့နယ်တွင် ၄၇ ဦးနှင့် သေဆုံးမရှိ ၊ မချမ်းဘောမြို့နယ်တွင် ၂၅ ဦးနှင့် သေဆုံးမရှိ ၊ နောင်မွန်းမြို့နယ်တွင် ၁၄ ဦးနှင့် သေဆုံးမရှိ ၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂ ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၈၈ ဦး ရှိသည်။

မြန်မာနိုင်ငံအတွင်း ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ SARS-2 Variant Omicron(အိုမီခရွန်) ရောဂါပိုးတွေ့ရှိသူ ဦးရေ စုစုပေါင်း (၃၂၀)ဦး ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button