,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ကောလင်းနယ်တွင် ပြည်သူ ၄ ဦးအား သတ်ခံထားရ၊ ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်

စစ်ကိိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး၂ဦး တို့ကို စစ်ကောင်စီတပ်ကသတ်ဖြတ်ခဲ့ပြီး ယင်းတွင် ကောလင်းမြို့နယ်ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်ကြောင်းသိရသည်။
သတ်ဖြတ်ခံရသည့် ရုပ်အလောင်း ၄ လောင်းကို ယမန်နေ့က ကောလင်းမြို့ပြင်ဘက်တောတစ်နေရာတွင်တွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာစဥ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။
”အားလုံးလေးယောက်သတ်ခံရတာဗျ။အဲ့ဒီသတ်ခံရတဲ့လေးယောက်မှာ ထွေအုပ်ဝန်ထမ်းအမျိုးသမီးတစ်ယောက်ပါတယ် သူက CDMလုပ်ဖို့တောကိုပုန်းရှောင်လာတဲ့အခါသတ်ခံတာရတာဗျ။ သူတို့စစ်ကြောင်းထိုးတဲ့အခါသတ်ခံရတာဆိုတော့ဘယ်နေ့က သတ်သွားသလဲဆိုတာမသိရဘူး သတ်ခံရတဲ့ရုပ်အလောင်းပဲတွေ့တာ”ဟု ကောလင်း PDF တစ်ဦးကပြောသည်။
သတ်ခံရသည့်လေးဦးတွင် အသက် ၂၈ ဝန်းကျင်တစ်ဦး၊ အသက် ၃၀ ကျော်နှစ်ဦး နှင့် အသက် ၄၀ ဝန်းကျင်တစ်ဦးပါဝင်ကြောင်းသိရသည်။
၎င်းတို့၏ရုပ်အလောင်းများကို ကောလင်း ဒေသခံပြည်သူများက သွားရောက်ကောက်ယူကာ မီးရှို့သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။
အလားတူ ယခုရက်ပိုင်းတွင်ကောလင်း မြို့နယ်အတွင်း စစ်ကောင်စီတပ်ကထိုးစစ်ဆင်မှုပိုမိုလုပ်လာပြီး ယမန်နေ့ကလည်း ကောလင်းမြို့နေ အမျိူးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသိရသည်။

Read Previous

ဒီပဲယင်းနယ်တွင် ပြည်သူတစ်ဦးသတ်ခံရပြီး ပြည်သူများ၏ စပါးများနှင့်ဆိုင်ကယ်များ စစ်ကောင်စီတပ်ဖျက်ဆီး

Read Next

ကားမိုင်းမြို့အဝင် ဂိတ်တိုက်ခိုက်ခံရ၊ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရ