,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ကားမိုင်းမြို့အဝင် ဂိတ်တိုက်ခိုက်ခံရ၊ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရ

တိုက်ခိုက်ခံရသော ဂိတ်

ဖားကန့်သွားလမ်း ကားမိုင်းမြို့အဝင် စစ်တပ်ဂိတ်တွင် ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်းသိရသည်။
စစ်တပ်ဂိတ်တွင် ခရီးသွားလာသည့် ပြည်သူများထံမှငွေကြေးကောက်ခံမှုနှင့် စစ်ဆေးရေးတင်းကြပ်မှုများပြုလုပ်နေသဖြင့် KIA နှင့် PDF အဖွဲ့က ယနေ့နံနက်အစောပိုင်းက သွာရောက်တိုက်ခိုက်ခဲ့သောကြောင့် နာရီဝက်ခန့်အကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
“၂ဖက်ပစ်ခတ်တယ်ဆိုတော့ ဘယ်ဘက်ကပစ်ပြီးမှန်တယ်လို့ပြောလို့တော့မရဘူးပေါ့လေ။ ဂိတ်နားမှာရှိတဲ့ အမျိုးသားတစ်ယောက်က လက်နက်ကြီးမှန်လို့ပွဲ ချင်းပြီး သေသွားတယ်။ နောက်ကလေး တစ်ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်။ သူတို့ပစ်ခတ်ကြတာက နာရီဝက်လောက်ဘဲရှိမယ်ထင်တယ်။ ဂိတ်မှာက တစ်ခြား ထိခိုက်ပျက်စီးတာတွေက မရှိခဲ့ဘူး”ဟု ကားမိုင်းပြည်သူတစ်ဦးက KNG သတင်းဌာနကိုအတည်ပြုပြောဆိုထားသည်။
ထိုနေရာတွင် တိုက်ပွဲဖြစ်ပွားနေသည့် အချိန်အတွင်း ကားမိုင်းစစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့သောကြောင့်မြို့ပေါ်အတွင်း လက်နက်ကြီးကျမှန်မည်ကိုစိုးရိမ်သဖြင့် ဒေသခံတစ်ချို့က ထွက်ပြေးတိမ်း​ရှောင်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီးနောက် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အထိ ခရီးသွားယာဥ်များကို သွားလာခွင့် ပိတ်ထားကြောင်းသိရသည်။
အဆိုပါစစ်တပ်ဂိတ်မှာ ပြီးခဲ့သော ၂၀၂၁ခုနှစ်ဇူလိုင်လအတွင်းမှာလည်း တစ်ကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

Read Previous

ကောလင်းနယ်တွင် ပြည်သူ ၄ ဦးအား သတ်ခံထားရ၊ ထွေအုပ်ဝန်ထမ်းတစ်ဦးပါဝင်

Read Next

ပူတာအို တိုက်ပွဲကြား စစ်ရှောင်များ၏အခြေအနေ မေးမြန်းချက်