သတင်း

ဖားကန့်​တွင် စစ်တပ်ထုတ်ကုန်များ တား​မြစ်ပိတ်ပင်ကြောင်း KIO သတိပေးထုတ်ပြန်

ဖားကန့်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ ကျောထောက်နောက်ခံ အကျိုးတူလုပ်ငန်းများတွင်ပါဝင်သည့် စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားမှုများမပြုလုပ်ရန် KIO ဖားကန့်ခရိုင်ရုံးမှဖေဖော်ဝါရီလ ၂၆ရက်နေ့ ရက်စွဲဖြင့် သတိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။
ဖားကန့်ဒေသအတွင်း စစ်တပ်မှ ဝင်ငွေရရှိနေသော Myanmar Beer ၊ Ram ၊ Andaman Beer ၊ Dagon Beer ၊ Mandalay Beer ၊ Black Shicld ၊ Myanamr Permium Beer နှင့် ဆောက်လုပ်ရေးသုံး ဆင်မင်းဘိလပ်မြေများကို သယ်ယူပို့ဆောင်ခြင်း၊ လက်လီလက်ကားရောင်းဝယ်ခြင်းမပြုရန် တားမြစ်ထားပြီဟု ဖားကန့်ဒေသ KIO ဘက်မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကို အတည်ပြုပြောဆိုထားသည်။
“အဓိကလုပ်ရတဲ့ ရည်ရွယ်ချက်က စစ်တပ်ရဲ့ဝင်ငွေကို တတ်နိုင်တဲ့ဘက်ကနေ ပိတ်ပင်ပေးတဲ့သဘောပါ။ အဲ့ကြောင့် စာမှာပါတဲ့ အတိုင်း တားမြစ်ထားတဲ့ ထုတ်ကုန်တွေကို ရောင်းဝယ်တာတွေ မပြုလုပ်ကြဖို့ပြောချင်တယ်။ သတ်မှတ်ထားတဲ့ ရက်နောက်ပိုင်းဆို တရားဝင်လိုက်လံစစ်ဆေးမှုတွေလုပ်သွားမယ်။ နောက်လိုက်နာမှုမရှိရင် အရေးယူဆောင်ရွက်လုပ်သွားမယ်”ဟုပြောဆိုသည်။
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIO သည် ပြီခဲ့သော ဇန်နဝါရီလဆန်းပိုင်းအတွင်းမှ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ပူတာအိုနှင့် တနိုင်း စသော မြို့နယ်အတွင်းမှာ အဆိုပါစစ်တပ်ထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားမှုများမပြုကြရန် သတိပေးထုတ်ပြန်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ ဒေသအလိုက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိနေပါသည်။
Show More

Related Articles

Back to top button