သတင်း

စစ်ကောင်စီထုတ်ပြန်သော ကချင်ပြည်နယ်အတွင်း ဖေဖော်ဝါရီလ ကိုဗစ်-၁၉ ကူးစက်သေဆုံးမှုစာရင်း

ကချင်ပြည်နယ် မြို့နယ် ၁၈ ခုတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ စုစုပေါင်း ၃၃၃၁ ဦးနှင့် သေဆုံးသူ ၁ ဦး ရှိသည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဌာနထံမှ သိရသည်။

စစ်ကောင်စီအောက် ကျန်းမာရေးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ မြို့နယ် ရပ်ကွက် အတွင်းရှိ လူမှုကူညီရေးအသင်းများ၏ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူနှင့် သေဆုံးသူ စာရင်းများကို အစုံအလင် ထည့်သွင်းထားခြင်း မရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ စာရင်းအရ ဖေဖော်ဝါရီလတွင် မြစ်ကြီးနားမြို့နယ် ပိုးကူးစက်ခံရသူ ၁၄၈၄ ဦးနှင့် သေဆုံးမရှိ ၊ ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ ၂၅၆ ဦးနှင့် သေဆုံးမရှိ ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ ၇၂ ဦး နှင့် သေဆုံး မရှိ ၊ တနိုင်းမြို့နယ်တွင် ၈၀ ဦးနှင့် သေဆုံး ၁ ဦး ၊ ဆော့လော်မြို့နယ်တွင် ပိုးတွေ့ ၉ ဦးနှင့် သေဆုံးမရှိ ၊ အင်ဂျန့်ယန်မြို့နယ်တွင် ပိုးတွေလူနာနှင့် သေဆုံးသူ မရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၁၉၀၁ ဦး နှင့် သေဆုံးသူ စုစုပေါင်း ၁ ဦး ရှိခဲ့သည်။

ထို့အပြင် ဗန်မော်မြို့နယ်တွင် ၂၈၇ ဦးနှင့် သေဆုံးမရှိ ၊ မိုးမောက်မြို့နယ်တွင် ၇၇ ဦးနှင့် သေဆုံးမရှိ ၊ မံစီမြို့နယ်တွင် ၅၀ ဦးနှင့် သေဆုံးမရှိ ၊ ရွှေကူမြို့နယ်တွင် ၃၆ ဦးနှင့် သေဆုံးမရှိ စသဖြင့် စုစုပေါင်း ပိုးတွေ့လူနာ ၄၅၀ ဦး ရှိသည်။

မိုးညှင်းမြို့နယ်တွင် ၃၂၃ ဦးနှင့် သေဆုံးမရှိ ၊ မိုးကောင်းမြို့နယ်တွင် ၆၈ ဦးနှင့် သေဆုံးမရှိ ၊ ဖားကန့်မြိုနယ်တွင် ၃၂၄ ဦးနှင့် သေဆုံးမရှိ စသဖြင့် ပိုးတွေ့လူနာ စုစုပေါင်း ၇၁၅ ဦး ရှိသည်။

ပူတာအိုမြို့နယ်တွင် ၂၀၁ ဦးနှင့် သေဆုံးမရှိ ၊ မချမ်းဘောမြို့နယ်တွင် ၈ ဦးနှင့် သေဆုံးမရှိ ၊ နောင်မွန်းမြို့နယ်တွင် ၃၄ ဦးနှင့် သေဆုံးမရှိ ၊ ခေါင်လန်ဖူးမြို့နယ်တွင် ၁၃ ဦး နှင့် သေဆုံးသူမရှိ ၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၉ ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၂၆၅ ဦး ရှိသည်။

ခရိုင်အလိုက် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံမှုမှာ မြစ်ကြီးနားခရိုင်တွင် ပိုးကူးစက်ခံရသူ စုစုပေါင်း (၁၉၀၁)ဦးနှင့် သေဆုံးသူ ၁ဦး ၊ ဗန်းမော်ခရိုင်တွင် ပိုးကူးစက်ခံရသူ စုစုပေါင်း (၄၅၀)ဦးနှင့် သေဆုံးသူမရှိ ၊ မိုးညှင်းခရိုင်တွင် ပိုးကူးစက်ခံရသူ စုစုပေါင်း (၇၁၅)ဦး နှင့် သေဆုံးသူမရှိ ၊ ပူတာအိုခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ စုစုပေါင်း (၂၆၅)ဦး ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button