လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးအမှု တစ်နှစ်ကျော်ကြာသည်အထိ အမိန့်မချနိုင်သေး

ကချင်ပြည်နယ် ဖားကန့်မြို့ တွင် ဖမ်းဆီးခံလိုက်ရသည့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သော်လည်း ယခုချိန်အထိ အမိန့်မချနိုင်သေးကြောင်း သိရသည်။

ပုဒ်မ ၅၀၅ -က ဖြင့် တရားစွဲဆိုထားခံရသည့် ကိုနောင်ရိုးကို ဖားကန့် တရားရုံမှ ရုံးထုတ်စစ်ဆေးခြင်းမရှိတော့သည့်အပြင် ရဲအချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း ကိုနောင်ရိုးနှင့် ရင်းနှီးသည့် ဖားကန့်မြို့မှ အမျိုးသားတစ်ဦးက KNG သတင်းဌာနသို့ ယခုလို ပြောသည်။

“သူက အချုပ်ထဲမှာနေတာ တစ်နှစ်ပြည့်တော့မယ်တဲ့။ ဒါပေမယ့် သူ့ရဲ့ ဒီ ၅၀၅-က အမှုကို အကြောင်းအမျိုး မျိုးပြပြီးတော့ အချိန်ဆွဲထားတယ်။ အမိန့်ချမှတ်လိုက်ခြင် းမရှိသေးဘူး။ သူ့ကိုရုံးထုတ်မယ်ဆိုပြီး မထုတ်ဖြစ်တာ အများကြီးပဲ။ တရားသူကြီးမလာလို့ ရဲမှူးမလာလို့ ဆိုပြီး ရုံးမထုတ်ဖြစ်တာတွေရှိတယ် သူ့ကိုရုံးထုတ်တာ ၅ ကြိမ်လောက်ပဲရှိမယ်” ဟု ကိုနောင်ရိုး၏ မိတ်ဆွေတစ်ဦးက ပြောသည်။

အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးသည် လတ်တလော ရဲအချုပ်ခန်းတွင် ထိန်းသိမ်းထားခံရသော်လည်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်းသူက ဆက်ပြောသည်။

ကို နောင်ရိုးကို ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဖားကန့်မြို့အဝင်ရှိ ပန်းတင် တံတားအနီးတွင် ၎င်းစီးနင်လာသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ဆိုင်ကယ်မှာ လိုင်စင်မရှိသည့်အတွက် လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်မှု ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် တရားစွဲဆိုခံထားရသည်။

ကချင်တစ်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းအပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်နယ်အခြေစိုက် သတင်းထောက် ကိုနောင်ရိုးအပါအဝင် ၆ ဦး အထိရှိခဲ့ပြီး ကျန် ၅ ဦးမှာ အောက်တိုဘာလ ၁၉ ရက်နေ့ တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။

Show More

Related Articles

Back to top button