သတင်း

နန့်ပုတ်ချောင်းတံတား ပျဥ်ကားဖြတ်သန်းစဥ် ကျိုးကျ၊ ကားသမားသေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန့်ပုတ်ကျေးရွာ ချောင်းတံတား ပျဥ်သယ်လာသည့် ကားဖြတ်သန်းစဥ် ကျိုးကျ၍ ကားသမားသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၂၉ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ပြီး ပျဥ်တင်လာသည့်ကား နန့်ပုတ်ချောင်းတံတားပေါ်မှဖြတ်သန်းစဥ် ခံနိုင်ဝန်မမျှသဖြင့် တံတားကျိုးကျခဲ့ရာ ကားသမားသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

”မနေ့က ညဘက်မှာဖြစ်တာတဲ့ ၇ နာရီဝန်းကျင်ဖြစ်မယ်။ သူကတော့ လမ်းတံတားပါ ကားလမ်းတံတား မဟုတ်ဘူး။ အချိမဆံ့တင်လာတော့ တံတားရဲ့ ခံနိုင်ဝန်ကိုကျော်သွားတော့ သူ့ဟာသူကျိုးကျတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသွားသော ကားသမားများ၏ ကိုယ်ရေးအချက်အလက်များကို KNG က အသေးစိတ်မသိရှိနိုင်သေးပါ။

အဆိုပါ တံတားသည် နန့်ပုတ်ကျေးရွာအလွန် ယခင် မီးရထားလမ်းဟောင်းအနီးတွင် တည်ရှိသည့် တံတားဖြစ်ပြီး ဒေသခံများက စားဝတ်နေရေး၊ စီးပွားရေးနှင့်အခြား ကိစ္စရပ်များအတွက် အသုံးပြုနေဆဲတံတားလည်းဖြစ်သည်။

Show More

Related Articles

Back to top button