သတင်း

ရေနစ်သေဆုံးသည်ဟု ယူဆရသည့်အမျိုးသားတစ်ဦး၏ ရုပ်လောင်းတွေ့ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် လုံဂါပါစားသောက်ဆိုင်နောက်ကြောဘက် ဧရာဝတီမြစ်ဆိပ်တစ်နေရာတွင် ရေနစ်သေဆုံးသည်ဟု ယူဆရသည့် ရုပ်အလောင်းတစ်ခု ယနေ့ တွေ့ရှိခဲ့ကြောင်းသိရသည်။

သေဆုံးနေသော ရုပ်အလောင်းကို ယနေ့ ဧပြီ ၄ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင်တွေ့ရှိခဲ့ပြီး အမျိုးသားတစ်ဦး၏ ရုပ်အလောင်းဖြစ်သည်ဟု ဖြစ်စဥ်သိသူ စီတာပူရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

”သူ့ကိုယ်ခန္ဓာမှာ ဒဏ်ရာတွေဘာတွေတော့မတွေ့ရဘူး။ ရေနစ်သေဆုံးတာဖြစ်နိုင်တယ်။ မြစ်ဆိပ်မှာ ပေါ်နေတာဆိုတော့။ ပြီးရင် အတွင်းခံဘောင်းဘီနဲ့ သေနေတာ။ ရေချိုးပြီးတော့‌ ရေနစ်သေတာလို့ အဲ့လိုပဲပြောကြတယ်” ဟု ပြောဆိုသည်။

အဆိုပါရုပ်အလောင်း သေဆုံးနေသည်မှာ ၄ ရက်ခန့်ကြာမြင့်ပြီဖြစ်ပြီး လက်ရှိတွင် မည်သူမည်ဝါဖြစ်မည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့နောက် ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားအသင်းက ရှင်းလင်းထုပ်ပိုးပြီးနောက် ရင်ခွဲရုံသို့ပေးဆောင်ပေးခဲ့ကြောင်းသိရသည်။

စီတာပူရပ်ကွက် ဧရာဝတီမြစ်ဆိပ်တစ်နေရာတွင် ယခင်ကလည်း လူမနေသည့်တဲတစ်လုံးအတွင်း အမျိုးသားတစ်ဦး သေဆုံးနေသည့်ရုပ်အလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

Show More

Related Articles

Back to top button