သတင်း

အသက် ၂၀ ကျော်အရွယ် အမျိုးသား မောင်းနှင်လာသည့်ကား ဆိုင်ကယ် ၂ စီးကိုဝင်တိုက်၊ လူတစ်ဦးသေ

မြစ်ကြီးနားမြို့တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးမောင်းနှင်လာသည့်ကား ဆိုင်ကယ် ၂ စီးကိုဝင်တိုက်မိရာ အမျိုးသမီးတစ်ဦး ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ည ၉ နာရီ မြို့သစ်ရပ်ကွက် ပထမပုဂ္ဂလိကဘဏ်ရှေ့တွင် ဖြစ်ပွားခဲ့ပြီး ဝိုင်းမော်မြို့နေ အသက် ၂၆ နှစ် အရွယ်ရှိ မောင်အာဝေမှ ကားဖြင့် ဆိုင်ကယ်နှစ်စီးကို ဝင်တိုက်မိရာ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ကျန် ၃ ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရကြောင်း ယင်းလူနာများကို ကူညီဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောသည်။

”ဆိုင်ကယ်နှစ်စီးလို့ပြောတယ်ဗျ ကားက အဲ့ဆိုင်ကယ်နှစ်စီးကိုသွားတိုက်တာအမျိုးသမီးကနှစ်ယောက် ယောက်ကျား တစ်ယောက် ကလေးတစ်ယောက် ကလေးတစ်ယောက်ကတော့ အခြေနေစိုးတယ် သေမလားရှင်မလားမသိဘူး ယောက်ကျား တစ်ယောက်ကတော့ ခြေမျက်စိကနေ အရိုးတွေ ကျိူးသွားတယ်” ဟု ၎င်းကပြောသည်။

ပြင်းထန်ဒဏ်ရာရရှိထားသည့် ကျန်သုံးဦးကိုလက်ရှိပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင်းတွင် ဧပြီ ၄ ရက်နေ့က ယာဥ်တိုက်မှု ၂ကြိမ် ဧပြီ ၃ ရက်နေ့က တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းယာဥ်တိုက်မှု ခပ်စိပ်စိပ်ဖြစ်နေကြောင်းသိရသည်။

Show More

Related Articles

Back to top button