သတင်း

ဖားကန့်တွင် ကြံ့ခိုင်ရေး ထောက်ခံသူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု နန့်မှော်ကျေးရွာတွင် ကြံ့ခိုင်ရေး ထောက်ခံသူ အမျိုးသားတစ်ဦး ဧပြီလ ၄ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသောသူသည် ဦးထွန်းထွန်းဆိုသူဖြစ်ပြီး ဆိပ်မူကျေးရွာသို့ သွားပြီးအပြန် လမ်းခုလတ်နေရာတွင် ပစ်သတ်ခံလိုက်ရသည်ဟု ဖားကန့်ဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

”သေနတ် နဲ့ပစ်သတ်ခံရတာတော့ဟုတ်တယ်။ အဲ့နေရာမှာဘဲပွဲချင်းပြီး ဆုံးသွားတယ်။ ဘယ်သူက ဘာကြောင့်သတ်တယ်ဆိုတာတော့ သေချာမသိရဘူး”ဟု ပြောသည်။

ဦးထွန်းထွန်း၏ ကိုယ်ပေါ်တွင်  သေနတ်ဒဏ်ရာ ၅ ချက်ထက်မနည်းတွေ့ရပြီး ပစ်သတ်သွားသည့် အဖွဲ့အစည်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

သူသည် နေအိမ်အတွင်း စျေးဆိုင်ဖွင့်လှစ်ထားသူဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် သေနတ် ပစ်သတ်ခံရမှု မကြာခဏဖြစ်ပွားလျက်ရှိနေပြီး ဇန်နဝါရီလ ၁၅ ရက်နေ့က ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူး တန်ဘောင်လဆိုင်းနှင့် မရှီကထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်တို့ ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ပါသည်။

ထို့နောက် ပြီးခဲ့သော ၂၀၂၁ ခုနှစ်မေလဆန်းပိုင်း မှာလည်း ဆန်းကြွယ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်မောင်တို့ အသတ်ခံခဲ့ရသည်။

Show More

Related Articles

Back to top button