သတင်း

မြစ်ကြီးနားမြို့တွင် ညအချိန်မတော် ဆိုင်ကယ်ဖြင့် နွားကို ဝင်တိုက်

မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ်တွင် ဆိုင်ကယ်ဖြင့် နွားကို ဝင်တိုက်မှုကြောင့် အမည်မသိအမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဧပြီလ ၄ ရက်ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ည ၁၀ နာရီခန့်က ဒဏ်ရာရ အမျိုးသားတစ်ဦးသည် အသက် ၃၀ ကျော်ခန်အရွယ်ရှိပြီး အခြေအနေ စိုးရိမ်ရကြောင်း ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဆိုင်ကယ်တစ်စီးမှာ ၃ ယောက် အတူစီးခဲ့တာ၊ ဘယ်ကိုသွားလဲဆိုတာတော့ မသိဘူး။ ၃ ဦးစလုံးကတော့ ဒဏ်ရာရတယ်။ အသက် ၂၀ ကျော်ခန်အရွယ် အမျိုးသား ၂ ဦးကတော့ ခေါင်းထိတယ်။ နားကနေ သွေးတွေလည်းထွက်တယ်။ ၂ ဦးစလုံးသတိလစ်နေတာဆိုတော့ အခြေအနေ နည်းနည်းစိုးရိမ်ရတယ်။” ဟု ပြောသည်။

အခြေအနေစိုးရိမ်ရသူ အမျိုးသား၂ ဦးကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ယခုနှစ်အတွင်း ယာဉ်တိုက်မှု သိသိသာသာပိုများလာပြီး ဇန်နဝါရီလမှ မတ်လ ပထမ ၃ လအတွင်း ယာဉ်တိုက်မှု ပေါင်း ၅၃ မှုရှိကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

Show More

Related Articles

Back to top button