သတင်း

ပူတာအိုတွင် မှို အဆိပ်သင့်၍ ကလေးငယ် ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်း ကျေးရွာတွင် သားအမိ ၃ ဦး မှို ဟင်းချက်စားမိရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့က အိမ်ခြံဝင်းအနီးတွင် ပေါက်သည့် မှိုကိုဟင်းချက်စားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ၇ နှစ်အရွယ် မိန်းကလေး နှင့် ၁၀ နှစ်အရွယ် ယောကျာ်းလေးတို့ သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

”ကလေးက ယောကျ်ားလေးတစ်ယောက် မိန်းခလေးတစ်ယောက်ဟုတ်တယ်။ မိန်းခလေးက အရင်ဆုံးတာ ၁၀ ရက်နေ့ ကသဂြိုလ်ပေး လိုက်တယ်ရွာသားတွေက။ ယောကျာ်းလေးကတော့ မနေ့ ည ၁၁ နာရီ သံခေါင်ချိန်မှာ ဆုံးသွားတယ်။ စစ်ဆေးရုံးမှာတင်ထားတာ ဟုတ်တယ်” ဟု ဆာရ်ခွမ်ဒမ်း ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။

ယင်းသားမိ သုံးဦးမှာ စစ်ကိုင်းတိုင်းဒေသကြီးမှ ပူတာအိုမြို့နယ် ကောင်းမှုလုန်ကျေးရွာအလွန် ဆာရ်ခွမ်ဒမ်း ကျေးရွာ (အလကခွဲ) ကျောင်းတွင် တာကျသည့် ဆရာမဒေါ်ခင်ဌေးကြွယ် နှင့်အတူ ယောက်ကျားလေးနှင့် သမီးလေးတို့ဖြစ်သည်။

မိခင်ဖြစ်သူမှာလည်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်ဟု ဆက်လက်သိရသည်။

ပူတာအိုမြို့တွင် ယခင်လကလည်း ကောင်ကထောင် ရပ်ကွက်နေသူအမျိုးသားတစ်ဦး မှိုဟင်းချက်စားမိရာမှ အဆိပ်သင့်၍ သေဆုံးခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button