,

Breaking News :

မုံရွေးနှင့် ကြေးမုံရွာရှိ ဒေသခံများ ဖမ်းဆီးရိုက်နက်ခံရပြီး နေအိမ်တစ်ချို့ ဖမ်းရှို့ဖျက်ဆီးခံရ

ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက်

တနိုင်း ပယင်းမှော်ဘက်သို့ ဆင်များအသုံးပြုကာ ကုန်ပစ္စည်းတင်ပို့နေမှုကြောင့် လမ်းပျက်စီးနေ

နမ္မတူမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

ဖားကန့်တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်ခတ်ရန် ညွန်ကြားချက်ရရှိထားဟုဆို

ကန့်ဘလူ၊ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီက ဝင်ရောက်မီးရှို့သဖြင့် ပြည်သူ ၅ ထောင်ကျော် ထွက်ပြေးနေရ

ပင်လည်ဘူးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးကာ ဒေသခံကာကွယ်ရေးတပ်ဘက်က ၅ဦးဒဏ်ရာရရှိခဲ့

ကင်းလှည့်သော စစ်ကောင်စီတပ်မှ လူငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်

သတင်းထောက် နောင်ရိုး အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၁၂ ဦး လွတ်မြောက်လာ

ဟောင်ပါးရောက် ဆယ်ဇင်းစစ်ရှောင်များအတွက် စားနပ်ရိက္ခာ ကူညီမှုများ လိုအပ်နေ

စစ်ကောင်စီက ခရိုင်တိုးချဲ့တာ ဘာအတွက်အလဲ

စစ်ကောင်စီတပ်ဟာ နိုင်ငံတော်အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ ၂၀၂၂ ဧပြီလ ၃၀ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာ နောက်ထပ် ခရိုင် ၄၆ ခုကို ထပ်တိုးဖွဲ့စည်းတဲ့အကြောင်း ဧပြီလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဒီအထဲမှာ ကချင်ပြည်နယ်မှာတော့ တနိုင်းခရိုင်နဲ့ ချီဖွေ ခရိုင်ဆိုပြီး ၂ ခုထပ်တိုးလိုက်ပါတယ်။ ဒီထပ်တိုးလာတဲ့ တနိုင်းနဲ့ ချီဖွေ မြို့နယ် ၂ ခုစလုံးဟာ မြစ်ကြီးနား ခရိုင်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ စစ်တပ်ဟာ ဘာကြောင့် အခုလို ခရိုင်းထပ်တိုးသလဲ၊ ကချင်ပြည်သူတွေအတွက် သက်ရောက်မှု စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး မြစ်ကြီးနားရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးခွန်ဆမ် ကို KNG က မေးမြန်းထားပါတယ်။

မေး။ စစ်ကောင်စီကနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာ ခရိုင်အသစ်တွေ ပြန်ဖွဲ့တာရှိတယ်၊ ကချင်ပြည်နယ်ကလည်း ခရိုင်အသစ် (၂) ခု ပြန်ဖွဲ့တာရှိတယ်၊ ဘာကြေင့် အခုလိုခရိုင် (၂) ခု ပြန်ဖွဲ့တယ်ဆိုတဲ့အပေါ် ဆရာ့ရဲ့အမြင်ကို ပြောပြပေးပါ။

ဖြေ။ ခရိုင်အသစ်ထပ်ဖွဲ့တာက ရွေးကောက်ပွဲစနစ်နဲ့ဆိုင်တဲ့ အခုသူတို့ပြောနေတဲ့ FPTP စနစ်ကနေ PR စနစ် မြန်မာနိုင်ငံရဲ့  ရွေးကောက်ပွဲစနစ် ပြောင်းလဲဖို့ ကြိုးစားချင်တာနဲ့ဆိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် သတ်မှတ်တာက အရေးကြီးတယ်လေ။ ဒါကြောင့် မဲဆန္ဒနယ်ကို ခွဲတဲ့နည်းနဲ့ နိုင်ငံရေးကို သူတို့ ကစားနေတာဖြစ်တယ်။

မေး။ အဲလိုဆိုတော့ ဆရာ PR စနစ်အချိုးကျ ဆိုပြီးပြောကြတယ်၊ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးလို့ရမလား

ဖြေ။ PR စနစ်ဆိုတာက အင်္ဂလိပ်လို Proportional Representation ဆိုတယ်။ မြန်မာနိုင်ငံမှာ သုံးနေတဲ့စနစ် FPTP လို့ဆိုတဲ့ Fast Past The Post လို့ခေါ်တဲ့ စနစ်ဖြစ်တယ်။ မဲများများနိုင်တဲ့သူက ရွေးကောက်ပွဲနိုင်တယ်။ PR စနစ်က ဘယ်လိုပြန်ပြီး ကွဲလဲဆိုတော့ မဲဆန္ဒနယ်တွေကနေပြီးတော့ ဘယ်မှာပဲ ယဥ်ပြိုင်ပြိုင် ပါတီတွေကနေပြီးတော့ မိမိတို့နိုင်တဲ့ ရာခိုင်နှုန်းကို လိုက်ပြီးလွတ်တော်ကို ဝင်နိုင်တယ်။ ဥပမာအားဖြင့် ဝိုင်းမော်မြို့မှာ ၁၀ နိုင်တယ်၊ မြစ်ကြီးနားမြို့မှာ ၂၀ နိုင်တယ်၊ အားလုံးကို ပေါင်းပြီးတော့ လွတ်တော်ကို ဝင်နိုင်တယ်။ ဥပမာ ကချင်ပြည်နယ်မှာ ၁၀၀ ရှိတယ်ဆိုရင် ပါတီတစ်ခုက တစ်နေရာမှာ အများဆုံးမနိုင်ပေမယ့် ဝိုင်းမော်၊ ဗန်းမော်၊ မြစ်ကြီးနား၊ မိုးညှင်း အဲဒီလို စုယူပြီးတော့ နိုင်တဲ့ရာခိုင်နှုန်းတွေပေါင်းပြီး လွတ်တော်ထဲကို ဝင်လို့ရတယ်။ အဲဒီလို ကွဲတာပေါ့နော်။  ပြောရမယ်ဆိုရင် တစ်ကယ်လို့ FPTP ဆိုရင် တစ်နေရာ မှာ ၃၀ ပဲနိုင်နိုင်၊ ၄၀ ပဲနိုင်နိုင် နောက်ဆုံး ၅၀ နိုင်တဲ့သူက အနိုင်ရသွားတယ်။

မေး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား နယ်မြေပိုကျယ်ဝန်းတာကြောင့်  စစ်ကောင်စီက သူ့အနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ NLD လိုမျိုး အနိုင်ရချေမရှိတာကြောင့် အခုလိုလုပ်တာလို့ သုံးသပ်နိုင်မလား။

ဖြေ။ သူ (စစ်တပ်) နောင်တရတာတစ်ခုတော့ရှိတယ်။ ၂၀၀၈ ရဲ့‌ရွေးကောက်ပွဲစနစ်က FPTP လို့ခေါ်တဲ့ မဲအများဆုံးရတဲ့သူက နိုင်တယ်။ လွတ်တော်နိုင်ငံရေးမှာ နေရာရချင်လို့။  မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ၄ ခုကို ကြည့်မယ်ဆိုရင် တစ်ပိုင်းတစ်စ မဲနိုင်တဲ့ပါတီက နေရာမရသလို ဖြစ်နေတယ်၊ အဓိက အားဖြင့်တော့ စကစ က လွတ်တော်နိုင်ငံရေးမှာ နေရာရချင်တယ်။ လွတ်တော်နိုင်ငံ‌ရေးမှာ စကစ ဘက်ကနေရာ မရတော့ အာဏာသုံးပြီး အာဏာသိမ်းလိုက်ရတယ်။ ပြောရမယ်ဆိုရင် စစ်တပ်ကနေပြီးတော့ FPTP စနစ်ကနေ PR စနစ်ကို ပြောင်းတာက ကျနော်တို့ တိုင်းရင်းသားလူမျိုးစုအတွက်တော့ ကချင်တွေအတွက်တော့ မပါဘူး။ စစ်တပ်က နိုင်ငံရေမှာ ပိုပြီးပါဝင်ချင်လို့ ရည်ရွယ်ချက် သက်သက်ပါပဲ။

ဘာလို့လဲဆိုတော့ ‌ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ဖယ်ဒရယ် အခွင့်အရေးတွေရဖို့ဆိုရင် ပြောင်းလဲရမှာတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့် ပြည်နယ်အစိုးရကို အာဏာမပေးတာမျိုးတွေ၊ ပြည်နယ်လွတ်တော်ကို အခွင့်အရေးမပေးတာမျိုးတွေ၊ ဒါမျိုးတွေကို သူမပြင်ဘူး။ အင်္ဂလိပ်လိုဆိုရင် division of power အာဏာခွဲဝေမှုရှိရမည်။ စစ်မှန်တဲ့ ဖယ်ဒရယ်ဖြစ်ဖို့ဆိုရင် ပြည်ထောင်စုနဲ့ နယ်ပြည်အာဏာခွဲဝေမှုရှိရမယ်။

ပြီးတော့ ဆွမ်ပရာဘွမ်တို့မှာ မဲထည့်ခါနီးလာမှပဲ စစ်သားတွေ မဲထည့်တာမျိုးတို့၊ အဲဒီလိုလုပ်တော့ ကျွန်တော်တို့ ဌာနေတိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအခွင့်အရေးကို ထိခိုက်စေတယ်။ ခုဏပြောသလိုမျိုး စစ်သားတွေ မဲပေးလို့ရတာမျိုး၊ ဧည့်သည်တွေ မဲပေးလို့ရတာမျိုး၊  ဧည့်သည်တွေကို မှတ်ပုံတင်ထုတ်ပေးတာမျိုးတို့၊ ပြည်ထောင်စုနဲ့ ပြည်နယ်အာဏာခွဲဝေတာမျိုးကြတော့ မဆွေးနွေးပဲ FPTP စနစ်ကနေ PR စနစ်ပြောင်းတာကို ကျွန်တော်တို့ ကောင်းကောင်းတွေ့မြင်နိုင်တာက တိုင်းရင်းသားလူမျိုးတွေရဲ့ ဖယ်ဒရယ်အခွင့်အရေးတစ်ခုမှ မရဘဲနဲ့ မြန်မာနိုင်ငံမှာ NLD လိုမျိုး နောက်တစ်ခါဘယ်တော့မှ ရွေးကောက်ပွဲ မနိုင်အောင် စစ်တပ်ကနေပြီးတော့ နိုင်ငံရေးမှာ ပိုပြီးတော့လှုပ်ရှားလို့ရအောင် လုပ်တဲ့ရည်ရွယ်ချက်သက်သက်ပဲဖြစ်တယ်လို့‌ ပြောလို့ရတယ်။

မေး။ အဲလိုဆိုတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါဝင်ယှဥ်ပြိုင်ဖို့လည်း မဖြစ်နိုင်ဘူးဆိုတော့ မျှော်လင့်ချက်တော့ မရှိဘူးပေါ့နော်။

ဖြေ။ FPTP နဲ့ PR စနစ် နှစ်ခုစလုံးမှာ အားနည်းချက်တွေရှိတယ်။ FPTP ရဲ့အားနည်းချက်တစ်ခုက ခုဏကပြောသလိုမျိုးပဲ ၅၁ မဲနိုင်ပြီဆိုတာနဲ့ ၄၉ မဲပဲရရ၊ အဲဒီပါတီကို ရှုံးတယ်လို့ပဲ သတ်မှတ်တယ်။ PR စနစ်ကျတော့ ခုနပြောတဲ့ ၅၁ မဲနိုင်တာကို မကြည့်ဘဲ ၁၀ မဲပဲနိုင်နိုင်၊ ၃၀ မဲပဲနိုင်နိုင် စုပြီးတော့ လွတ်တော်ကို ဝင်လို့ရတယ်။ အဲဒီ အားသာချက်တော့ရှိတယ်။  ဒါပေမယ့် PR စနစ်မှာရော အများကြီးရှိသေးတယ်။ ဥပမာအားဖြင့် PR စနစ်မှာရော မဲဆန္ဒနယ်ကို ဘယ်လိုသတ်မှတ်လဲဆိုတာရှိတယ်။ မြစ်ကြီးနားမြို့နယ်မှာ ရွေကူထိထည့်ထားတာမျိုးဆိုရင်တော့ မြစ်ကြီးနားမှာ မဲနိုင်မယ့်ပါတီက ရွှေကူထိ ဆိုရင် တိုင်းရင်းသားတွေအတွက်တော့ မျှော်လင့်ချက်မရှိတော့ဘူး။ ဒါကြောင့်မို့လို့ FPTP လား PR စနစ်လာဆိုတာကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရဘူး။ ပြီးတော့ မရှင်းတာတစ်ခုက မြန်မာတစ်နိုင်ငံလုံး PR စနစ်သွားမှာလား၊ FPTP နဲ့ PR စနစ်ကို ရောပြီးသွားမှာလား၊

နိုင်ငံတော်တော်များများမှာတော့ FPTP နဲ့ PR စနစ်ကို ရောသုံးတာလည်းရှိတယ်။ PR စနစ်မှာရော အမျိုးမျိုးရှိသေးတယ်။ ကျွန်တော်တို့ တွေ့မြင်နေတာက NLD ကို ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာလို အပျက်အသတ် အနိုင်မရအောင်၊ စစ်တပ်နဲ့ အပေါင်းအပါ နိုင်ငံရေးပါတီတွေ လွတ်တော်ကို ဝင်နိုင်ဖို့လောက်ပဲ တွေ့နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်ကတော့ နည်းနည်းလေး မှ မထောက်ခံဘူး။ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေအတွက် နိုင်ငံရေးအခွင့်အရေး လုံးဝကို မရှိနေတာကို တွေ့ရတယ်။

Read Previous

အလုပ်ထုတ်ခံရသည့် အလုပ်သမားက အလုပ်ရှင် မိသားစုဝင် ၃ဦးကို ဓားထိုနက်မှုပြုလုပ်

Read Next

မြစ်ကြီးနား ဆီဆိုင်အချို့တွင် ဆီကားအဝင်မရှိတော့ဖြင့် ဓာတ်ဆီပြတ်လပ်နိုင်ဖွယ်ရှိ

Leave a Reply

Your email address will not be published.