တိုက်ပွဲသတင်း

ကွတ်ခိုင် မန်လုံရွာ အနီးမှာ စစ်ကောင်စီနဲ့  KIA တိုက်ပွဲ ဖြစ်ပွားခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်လုံရွာအနီးမှာ မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က စစ်ကောင်စီနဲ့  KIA တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

“ကွတ်ခိုင်ကနေ လက်နက်ကြီး အများကြီး ပစ်ကူတာ ကြားနေရတယ်။ ၁၀ ကြိမ် ဝန်းကျင်ရှိမယ်။ မနေ့ ညနေ ၆ ခွဲ လောက်ထိ။ မနေ့ ညနေက ဂျက် လေယာဉ်လည်း တက်လာတာတွေ့တယ်။” ဟု ကွတ်ခိုင်မြို့ခံ တစ်ဦးက ပြောသည်။

စစ်ကြောင်း ထိုးလာတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ တပ်မ ၉၉ နဲ့ KIA တပ်မဟာ ၄ တပ်ရင်း ၈ တို့ မန်လုံရွာအနီး လမ်းဆုံမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးဆီက သိရပါတယ်။

ယာဉ်မောင်း ၁ ဦး ကလည်း ” မနေ့ ညနေက အဒါ်တို့အိမ်လာတော့ ဂျက်လေယာဉ် ၁စီး တက်လာတာ တွေ့တယ်” ဟု ပြောသည်။

နှစ်ဖက် ထိခိုက်မှုကို မသိရသေးသော်လည်း တိုက်ပွဲ ဖြစ်ရာ စစ်မြေပြင် ဝန်းကျင်တွင် နှစ်ဖက် စစ်ရေးတင်းမာ နေဆဲ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော မေလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တို့ ကွတ်ခိုင်မြို့အနီး ထုံးဖိုရွာနား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီဘက်က ၄ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ၊ KIA, MNDAA, TNLA, PDF နဲ့ မြောက်ပိုင်း မဟာမိတ် ညီမောင်တို့ လှုပ်ရှားသွားလာရာ နေရာဖြစ်ပါတယ်။

Show More

Related Articles

Back to top button