,

Breaking News :

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဆားလင်းကြီး PDF ရဲဘော် ၂ ဦးဖမ်းဆီးခံရ

ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ

တနိုင်းတွင် ချောင်းရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှု ကြုံတွေ့နေရ

KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ

တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်

ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး

စစ်ကောက်စီပစ်ခတ်သော လက်နက်ကြီးကြောင့် အသက် ၇၀ ကျော်အရွယ်အဖိုးအို တစ်ဦး သေဆုံး

စစ်ကောင်စီတပ် ရမ်းယမ်းပစ်ခတ်သည့် လက်နက်ကြီး

ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ရာ သက်ကြီးရွယ်အိုတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်းသိရသည်။

မတ် ၂၅ ရက်နေ့တွင် ည ၈ နာရီဝန်းကျင် ကံသစ်ကျေးရွာဘက်သို့ စစ်ကားလေးစီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို ကံသစ်ကျေးရွာမရောက်မှီလမ်းခုလတ်နေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာခဲ့သောကြောင့် ကံသစ်ကျေးရွာဘက်တွင် လက်နက်ကြီးယမ်းသမ်းပစ်ခတ်သည့်အတွက် အသက် ၇၀ ကျော်အရွယ် အဖိုးအိုတစ်ဦးလက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ကြောင်း ခင်ဦးပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“သူတို့ကမနက်ကတည်းကနေစစ်ကြောင်းထိုးဝင်လာတာဗျ အဲ့စစ်ကြောင်းကို ကံသစ်ရွာမရောက်ခင်မှာ အဖွဲ့တစ်ဖွဲ့ ဘယ်အဖွဲ့ဆိုတာတော့ စုံစမ်းဆဲပဲသူတို့ကနေ မိုင်းဆွဲတိုက်ခိုက်တာ အထိနာခဲ့တော့ လက်နက်ငယ်အချက် ၂၀၀ လောက်ပစ်တယ်။ လက်နက်ကြီး ၁၀ ချက်ပစ်တာ ကံသစ်ထဲမှာလည်းကျတယ်အဲ့မှာ အိမ်ပြင်ထွက်နေတဲ့အဖိုးအို တစ်ယောက်ကိုထိမှန်သွားတယ်”ဟု ၎င်းကပြောသည်။

အဆိုပါလက်နက်ကြီး ကျည်ထိမှန်ခဲ့ သည့် အဖိုးအိုအား Khin U Support Organization-KSO မှ ဆေးဝါးကုသမှု ပေးခဲ့သော်လည်း ဒဏ်ရာပြင်းပြင်း ထန်ထန်ရထားသဖြင့် ည ၉နာရီခွဲအချိန်တွင် သေဆုံးသွားကြောင်းသိရသည်။

ခင်ဦးမြို့နယ်တွင် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း စစ်‌ကောင်င်စီ၏ လက်နက်ကြီးကျည်ထိမှန်သူအပြင် စစ်ကောင်စီတပ်၏ မတရားသတ်ဖြတ်သူ အရပ်သားပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သေဆုံးသူ ၁၆၀ ဦးခန့်အထိရှိခဲ့ပြီး ကျေးရွာပေါင်း သုံးဆယ်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Read Previous

စစ်ကိုင်းတိုင်းတွင် NUG ပညာရေးကျောင်း ဖွင့်ချင်သော်လည်း အခက်ခဲဖြစ်နေ

Read Next

ဆွမ်ပရာဘွမ် ကျေးလက်ကျန်းမာရေး ဝန်ထမ်းနေအိမ်အတွင်း ပစ္စည်းများကို စစ်ကောင်စီတပ် ယူဆောင်သွား

Leave a Reply

Your email address will not be published.