သတင်း

မြစ်ကြီးနား သီတာရပ်ကွက် ဝန်ထမ်းအိမ်ယာအနီး အသံမိုင်းကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီးတွင် ယနေ့ မွန်းလွဲပိုင်း ၃နာရီ ဝန်းကျင်ခန့်တွင် အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများမှ သိရသည်။

“ဟုတ်တယ် အသံမိုင်းလောက်ဘဲ လူထိခိုက်မူတော့ မရှိဘူး။ ခုလောလော‌ဆယ်တော့ ရဲတွေအဲနားတစ်ဝိုက်စစ်ဆေးတာတွေ လုပ်နေတယ်” အနီး ပတ်ဝန်းကျင်မှ ‌ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းခွဲခဲ့သောအဖွဲ့မှာ ယမန်နေ့က စစ်ကောင်စီတပ်အောက် တာဝန်ထမ်းဆောင်နေသူများ တာဝန်မှ နှုတ်ထွက်ရန် သတိပေးထုတ်ပြန်ခဲ့သော ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည်ဟု သိရသည်။

“ထုတ်ပြန်ချက်နဲ့လည်း သတိပေးထားပြီ ဒီနေ့တော့ အသံမိုင်းနဲ့ ချောက်တာပါ။ ကျနော်တို့က အရပ်သားဝန်ထမ်းတွေကိုတော့ အသက်ရန်မရှာပါဘူး။ လက်နက်ကိုင်ဝန်ထမ်းတွေနှင့်စကစ နဲ့ တိုက်ရိုက်ဆက်နွယ်တဲ့ ဝန်ထမ်းတွေဆိုရင်တော့ တွေ့တဲ့နေရာ ထိရောက်တဲ့အပြစ်ပေးတာတွေ လုပ်မှာပါ” ဟု တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ယမန်နေ့ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ရဲဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ၊ ထွေအုပ်ရုံးမှဝန်ထမ်းများ၊ အခွန်ရုံးမှဝန်ထမ်းများအားလုံး ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားကာ တာဝန်မှ နုတ်ထွက်ပေးကြရန်နှင့် နုတ်ထွက်ခြင်းမပြုပါက ပြင်းထန်စွာ အပြစ်ပေးသွားမည်ဟူ၍ ဖော်ပြထားသည်။

မြစ်ကြီးနားမြို့တွင် မေလ ၁၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ စစစ နှင့် သက်ဆိုင်သည့် ရုံးတွင် 40 mm တစ်လုံးပစ်ခံခဲ့ရပြီး ဖြစ်သည်။

မြစ်ကြီးနားမြို့တွင်း မကြာခနဆိုသလို စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးအနီးပတ်ဝန်းကျင်တွင် အသံမှိုင်း၊ ဗုံးပေါက်ကွဲမူများ ဖြစ်လေ့ရှိသည်။

Show More

Related Articles

Back to top button